Home
မြန်မာသတင်း
လွိုင်လင်မြို့နယ်တွင် ကျပ်သိန်း ၃၅၅၀ တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
July 13, 2018
ရှမ်းပြည်နယ် လွိုင်လင်မြို့နယ်မှာ ငွေကျပ်သိန်း ၃,၅၅၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးက သတင်းထုတ်ပြန်ပါတယ်။ ဇူလိုင် ၁၁ ရက်နေ့ မနက်ပိုင်းက မူးယစ်တပ်ဖွဲ့စု ၂၇ လွိုင်လင်မှ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ လွိုင်လင်မြို့အထွက်၊ လွိုင်လင်-တောင်ကြီးသွားကားလမ်း၊ ဟိုတင့်ကျေးရွာအနီးမှာ ဝင်းထွဋ် မောင်းနှင်ပြီး မြတ်အောင်ဇော်နဲ့ မမြင့်မြင့်တို့ လိုက်ပါလာတဲ့ CALDINA မော်တော်ယာဉ်ကို ရှာဖွေရာမှာ မူးယစ်ဆေးဝါးတွေ ဖမ်းမိခဲ့တာပါ။ မော်တော်ယာဉ်ရဲ့ အနောက်ဝဲဘက်ခြမ်း အံဝှက်အတွင်းနဲ့ ဆီတိုင်ကီအတွင်းကနေ ကျပ်သိန်း ၃၅၅၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား၂၃၀,၀၀၀ ပြား၊ အိုက်စ် ၅ ကီလို၊ ငွေကျပ် ၄ သိန်းနဲ့ လက်ကိုင်ဖုန်း လေးလုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ ဝင်းထွဋ် (၂၃) နှစ်၊ မမြင့်မြင့် (၂၈) နှစ်နဲ့ မြတ်အောင်ဇော် ၁၉ နှစ် တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။ အလားတူ မိုင်းရယ်မြို့နယ်မှာလည်း လက်နက်/ခဲယမ်းတွေနဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ ဇူလိုင် ၁၁ ရက်နေ့ မွန်းလွဲပိုင်းမှာ မူးယစ်တပ်ဖွဲ့စု (၂၃) တန့်ယန်းမှ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မိုင်းရယ်မြို့နယ်၊ ဟိုယကျေးရွာအထွက် အိုက်လူးမောင်းနှင်လာတဲ့ PRADO LANDCRUISER မော်တော်ယာဉ်ကိုရှာဖွေရာကနေ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄၆ ပြား၊ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခုနဲ့ ၎င်းကျည် ၂ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024