Home
မြန်မာသတင်း
မြန်မာလုပ်သားအများစု လုပ်ကိုင်နေသည့်စက်ရုံ မီးလောင်၊ ၅ ဦး ဒဏ်ရာရ
DVB
·
July 12, 2018
မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားအများစု ၀င်ရောက်လုပ်ကိုင်နေတဲ့  ထိုင်းတောင်ပိုင်း နခွန်း စီထမရတ်ခရိုင် ခိုလတ်မြို့ရှိ အသင့်စား အစားအစာထုတ်လုပ်ရေးစက်ရုံတရုံမှာ ဒီကနေ့ မနက်က မီးလောင်မှုဖြစ်ပွားခဲ့လို့ ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ မနက် ၁၀ နာရီခွဲလောက်က ခိုရတ်မြို့နောင်ဘိုဆာလားရပ်ကွက် စူရနားရီး စက်မှုဇုန်တွင်း မီးလောင်မှုဖြစ်ပွားကြောင်း သတင်းပေးချက်အရ မီးသတ်ကားတွေနဲ့အတူ ရောက်ရှိသွားရာမှာ တထပ်တိုက်တန်းလျားတခုတွင်း မီးလောင်နေပြီး စက်ရုံအလုပ်သမားတွေ ကစဥ့်ကလျား ထွက်ပြေးကာ တချို့ကလည်း စက်ရုံဝင်းအုတ်တံတိုင်းကို ကျော်ခွ ထွက်ပြေး နေတာ တွေ့ရတယ်လို့ နယ်မြေခံရဲတပ်ဖွဲ့က သတင်းထောက်ကို ပြောပါတယ်။ အဆိုပါ စက်ရုံမှာ Van Guard Food ကုမ္ပဏီပိုင်ဖြစ်ပြီး  ကြက်သားနဲ့ အသင့်စား အစားအစာ ထုတ်လုပ်နေတာဖြစ်ကြောင်း၊ မီးသတ်ကားတွေက အချိန် ၁ နာရီကျော် ငြိမ်းသတ်ခဲ့ ရတယ်လို့ ဆိုပါတယ်။ မီးလောင်မှုမှာ ဒဏ်ရာရသူ စက်ရုံအလုပ်သမ  ၅ ဦးရှိပြီး ကယ်ဆယ်ရေးအဖွဲ့တွေက ကနဦး ရှေးဦးသူနာပြုစုကာ ဆေးရုံပို့ဆောင်ပေးထားကြောင်း၊ မီးလောင်ရတဲ့ အကြောင်း ရင်းမှာ အလုပ်သမားတွေက မီးဖိုကို မီးညှိရန်ပြင်စဉ် မီးဖိုက မှောက်လဲသွားပြီး ချက်ချင်း မီးထတောက်ခဲ့တာလို့ ကနဦး သိရှိရကြောင်း၊  ဖြစ်ရပ်မှန်နဲ့ အသေးစိတ်ကိုတော့ ဆက်လက်စုံ စမ်းသွားမယ်လို့ တာဝန်ကျရဲဝန်ထမ်းက သတင်းထောက်တွေကို ပြောသွားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူ အေအေစီ (ယာယီဖျက်သိမ်း) အဖွဲ့မှ ကိုရဲမင်းက အဲဒီစက်ရုံမှာ မြန်မာအလုပ်သမား ၁၀၀ ကျော်လုပ်ကိုင်နေပြီး ဒဏ်ရာရသူတွေထဲမှာ မြန်မာအလုပ်သမားတွေ ပါမပါ ချိတ်ဆက်မေးမြန်းနေဆဲပဲလို့ ဒီဗွီဘီကို ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024