Home
မြန်မာသတင်း
ပြည်​ကြီးတံခွန်​မြို့နယ်​တွင် ဒုတရားသူကြီးကို မကျေနပ်၍ ဆန္ဒပြ
Aung Aung Naing
·
July 12, 2018
အတိုင်ပင်ခံနဲ့သမ္မတကို ဆဲဆိုတဲ့အမှုမှာ မန္တ​လေးတိုင်းဒေသကြီး ပြည်​ကြီးတံခွန်​မြို့နယ်​ ဒု​တရားသူကြီးက ဒဏ်ငွေ ၅ သောင်းရိုက်ပြီး တယောက်ကို အပြီးအပြတ် လွှတ်လိုက်တဲ့ အပေါ် မကျေနပ်လို့ ဒီနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ “အဲဒီတရားသူကြီးကို မကျေနပ်လို့ ဆန္ဒပြတာဖြစ်ပါတယ်။ ဒဏ်ငွေ ၅ သောင်းလောက်နဲ့ အပြီးအပြတ် လွှတ်ပေးနိုင်တယ်ဆိုရင် နောက်နောင်လည်း ဒီလိုပဲ စော်ကားလာကြမှာ ဖြစ်တဲ့အတွက် အဲဒီတရားသူကြီးက ဒီလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံတော်သမ္မတကို ဆဲဆိုတဲ့သူတွေကို လွှတ်ပေးတယ်ဆိုတာ သူကိုယ်တိုင်က ကျေနပ်ပြီးတော့ သဘောတူ ပြီးတော့ လွှတ်ပေးလိုက်တယ်လို့ မေးခွန်းထုတ်ပေးရပါမယ်။ သူကိုယ်တိုင်ဆဲချင်တာကို ကိုယ်စားဆဲပေးတယ်ဆိုပြီး ကျေးဇူးတင်တဲ့အနေနဲ့ လွှတ်ပေးလိုက်တာလာဆိုပြီး မေးခွန်း ထုတ်ရပါမယ်။ ကျနော်တို့က ခုလိုလွှတ်ပေးတာကို မကျေနပ်လို့ ဥပဒေအရာရှိကို ဒုတိယ မြို့နယ်​တရားသူကြီး အထက်ကို အဆင့်ဆင့်တင်ပြပေးပါ” ဦး​ဆောင်​ဆန္ဒပြသူ ဦး​ဇော်​လင်းက ပြောပါတယ်။ မန္တ​လေးတိုင်းဒေသကြီး ပြည်​ကြီးတံခွန်​မြို့နယ်​ ၅၆ လမ်​၊း မင်းကြီး ရန်​​နောင်​လမ်းက စတင်​ပြီး ၆၂ လမ်းအတိုင်း လမ်း​လျောက်​ဆန္ဒထုတ်​​ဖော်​ခဲ့ကြတာဖြစ်ပြီး ပြည်​ကြီးတံခွန်​မြို့နယ် ​တရားရုံး​ရှေ့အထိ ဘက်​လိုက်​တရားစီရင်​မှု ချက်​ချင်းရပ်​၊ ဒုတိယမြို့နယ်​တရားသူကြီး အလိုမရှိ၊ တရားဥပ​ဒေစိုးမိုး​ရေး အကျင့်ပျက်​ဝန်​ထမ်းများ အလိုမရှိ၊ စတဲ့​ ကြွေး​ကျော်​သံ​တွေ​နဲ့ လူအင်​အား ၂ဝ လောက် ဆန္ဒထုတ်​​ဖော်​ခဲ့ကြပါတယ်​။ ပြည်​ကြီးတံခွန်​မြို့နယ်​ ညည ၃၆ ကွင်းအတွင်း ဘိုးဘွားပိုင်​မူလ ပိုင်​ရှင် ​မိသားစုတွေ ​နေထိုင်​နေတဲ့ အ​ဆောက်အဦ၊ အိမ်​​တွေကို သင်​ပန်းကုန်း​ဈေးတာဝန်​ခံ ဦးလက်​ယျာနဲ့ ​ဒေါ်မြမိုးနွယ်​ (ခ) ​ဒေါ်မိုးတိုက  ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ် မေ ၁၁ ရက်က​ လာ​ရောက်​ဖျက်​ခိုင်းရာ ဘိုးဘွားပိုင်​​မြေဖြစ်​​ကြောင်း နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​နဲ့ နိုင်​ငံ​တော်​သမ္မတဆီ တင်​ပြထား​တယ်လို့ ​ပြောခဲ့ရာ ဦးလက်​ယျာတို့နှစ်​ဦးက နိုင်ငံတော်အတိုင်​ပင်​ခံနဲ့ သမ္မတကို ညစ်​ညမ်းစွာ ဆဲဆိုခဲ့တာ​ကြောင့် ၂ဝ၁၆ ခုနှစ် သြဂုတ်​ ၁၁ ရက်က စတင်​တရားစွဲဆိုခဲ့တာပါ။ မေ ၇ ရက်​​နေ့မှာ ဒုမြို့နယ်​တရားသူကြီးက ဒဏ်ငွေ ၅ သောင်းရိုက်ပြီး တယောက်ကို  အပြီးအပြတ် လွှတ်တိုက်တာကို ​ကျေနပ်​မှုမရှိတာ​ကြောင့် အခုလို ဆန္ဒထုတ်​​ဖော်​ခဲ့တာလို့ တရားလိုဖြစ်​သူ ဦးစိုးဦးက​ ပြောပါတယ်​။ ပြည်​ကြီးတံခွန် ​မြို့နယ်​မြို့မရဲစခန်းက ရာဇသတ်​ကြီးပုဒ်​မ ၂၉၄/၅ဝ၆ တို့နဲ့ အမူဖွင့်အ​ရေးယူခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024