မြန်မာ့ပင်လယ်ပြင်ကို ဗဟိုပြု၍ အင်အား ၅.၀ အဆင့်ရှိ ငလျင်လှုပ်ခတ်
DVB
·
July 12, 2018
မြန်မာ့ပင်လယ်ပြင်ကို ဗဟိုပြုပြီး အင်အား အသင့်အတင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၂ ရက်နေ့ မြန်မာစံတော်ချိန် ၉ နာရီ ၁၀ မိနစ် ၁၃ စက္ကန့် အချိန်က ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၁၆၁ မိုင်ခန့် ကွာဝေးတဲ့ (မြန်မာ့ပင်လယ်ပြင်) မြောက်လတ္တီတွဒ် ၁၅.၄၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၂၂ ဒီဂရီ၊ အနက် (၁၁၈) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်တာစကေး ၅.၀ အဆင့်ရှိ အသင့်အတင့်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။