Home
မြန်မာသတင်း
သပိတ်ကျင်းမြို့နယ်က လိပ်ကျရေတံခွန်ကို လာရောက်လည်ပတ်သူများစည်ကားနေ
DVB
·
July 11, 2018
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်က သဘာဝအလှအပတွေနဲ့ လိပ်ကျရေတံခွန်ဟာ လာရောက်လည်ပတ်သူတွေနဲ့ စည်ကားနေပါတယ်။ အဲဒီရေတံခွန်ဟာ လိပ်ကျကျေးရွာရဲ့ အနောက်မြောက်ဘက် ၂ မိုင်လောက် အကွာမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သဘာဝအတိုင်း တည်ရှိနေတဲ့ ရေတံခွန်ကြီးတခုလည်း ဖြစ်ပါတယ်။ အရင်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ တောတောင်သစ်ပင်တွေ အုံဆိုင်းနေပြီး လူအရောက်ပေါက် နည်းခဲ့တာကြောင့် မထင်ရှားခဲ့ပေမယ့် ၂၀၁၇ နောက်ပိုင်း လက်ပမ်း ဆက်သွယ်ရေး အဆင်ပြေလာတဲ့အတွက် တဖြည်းဖြည်းချင်း လူသိများလာခဲ့တဲ့ သဘာဝအပန်းဖြေစခန်းတခု ဖြစ်လာပါတယ်။ စမ်းရေပြာအိုင်နဲ့ရေတံခွန်ကြီးကို မှီခိုပြီး ဒေသခံတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိဖို့နဲ့ လာရောက်အပန်းဖြေသူတွေ အဆင်ပြေချော့မွေ့စေဖို့အတွက် အထက်မြန်မာပြည် ခရီးသွားလုပ်ငန်းတခု ဖော်ဆောင်ပေးဖို့ကို တိုင်းဒေသကြီးလွှတ်တော်ကို တင်ပြထားတယ်လို့ လည်း သိရပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်က “လက်ရှိရေတံခွန်ကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းရရှိစေနိုင်ရန်၊ ရေတံခွန်ကို လူသိ များအောင် လုပ်ဆောင်နိုင်တာနဲ့အမျှ စီးပွားရေးအကွက်အကွင်းတွေ ပိုမိုကောင်းမွန်လာမှာ ဖြစ်ပြီး ခရီးသွားဝန်ဆောင်မှု လုပ်ငန်းတခုအဖြစ် ဆောင်ရွက်နိုင်ဖို့ အထွေထွေအုပ်ချုပ်ရေးမှူး၊ သစ်တောဦးစီးဌာနတို့နဲ့အတူ တိုင်ပင်ဆွေးနွေးပြီး အကောင်းဆုံး အစီအစဉ်တွေကို ရေးဆွဲ လုပ်ဆောင်သွားမယ်”လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024