Home
မြန်မာသတင်း
ဖားကန့်ကျောက်စိမ်းကုမ္ပဏီတခုက ဖြတ်သားများအခမဲ့ယူခွင့်ပေးသဖြင့် ရေမဆေးသမားများ လာရောက်ရှာဖွေ
DVB
·
July 11, 2018
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းကုမ္ပဏီတခုက ဖြတ်သားတွေကို အခမဲ့ယူခွင့်ပေးလိုက်လို့ လူအများအပြား လာရောက်ရှာဖွေ ယူဆောင်နေကြပါတယ်။ ဆိပ်မူ(ဆိုင်းတောင်)အုပ်စု ယူမာရွာမှာ ရှိတဲ့ ကျောက်စိမ်းနဂါးကုမ္ပဏီက သူတို့ ရှာဖွေပြီးဖြစ်တဲ့ ကျောက်တွေကို ယူခွင့်ပေးထားလို့ ရေမဆေးသမား အများအပြား လာရောက်နေကြတာပါ။ ဆိုင်းတောင် ဒေသခံ ဦးရွှေသိန်းက “ဒီလိုမျိုးပေးတာ အရင်က မရှိဖူးဘူး။ ကုမ္ပဏီဝင်းထဲ က ထုတ်လာပြီး လမ်းဘေးမှာ သွန်ချပြီး ရွေးယူခိုင်းတာ။ အခုက လူတွေက ထောင်ချီနေတယ်။ ပြဿနာ မဖြစ်အောင်လို့ ရဲတွေလည်း လာစောင့်ပေးနေတယ်။ အခုထိတော့ ဖြတ်သားတွေ ထဲက အောင်တယ်လို့တော့ မကြားသေးဘူး” လို့ ပြောပါတယ်။ ဓာတ်ပုံ - မြင့်လွင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024