ကာဂါဝါနှင့်​ပိုဝဲလ်တို့​ကို မန်ယူက မီဒီယာမိတ်ဆက်ပွဲ ပြုလုပ်

မန်ချက်စတာယူနိုက်တက်အသင်း​က အသစ်​ခေါ်ထား​တဲ့​ ကာဂါဝါနဲ့​ ပိုဝဲလ်တို့​ကို မ​နေ့​က မီဒီယာ​တွေနဲ့​ မိတ်ဆက်ပွဲ ပြုလုပ်ခဲ့​ပါတယ်။

ဂျပန်ကွင်း​လယ်သမား​ ကာဂါဝါကို မန်ယူက ဂျာမန်ကလပ် ​ဒေါ့​မန်က​နေ ​ပေါင် ၁၇ သန်း​ပေး​ပြီး​ ၄ နှစ်စာချုပ်နဲ့​ ​ခေါ်ယူလိုက်တာ ဖြစ်ပြီး​ အသက် ၁၈ နှစ်ရွယ် ကွင်း​လယ်သမား​ ပိုဝဲလ်ကို​တော့​ ခရူဝီအသင်း​က​နေ ​ပေါင် ၆ သန်း​နဲ့​ ​ခေါ်ယူထား​တာပါ။

အသက် ၂၃ နှစ်ပဲ ရှိ​သေး​တဲ့​ ကာဂါဝါဟာ ခရူဇီယို အိုဆာကာ အသင်း​က​နေ ၂၀၁၀ ​ဘောလုံး​ရာသီမှာ ​ဒေါ့​မန်ကို ​ပြောင်း​ရွှေ့​လာတာ ဖြစ်ပါတယ်။ ဘွန်ဒတ်စ် လီဂါကို ​ရောက်တဲ့​ ပထမရာသီမှာပဲ ကွင်း​လယ်တိုက်စစ်မှူး​အ​နေနဲ့​ ​ခြေစွမ်း​ပြ ကစား​နိုင်ခဲ့​ပြီး​ ၁၈ ပွဲမှာ ၈ ဂိုး​ သွင်း​ယူနိုင်ခဲ့​ပါတယ်။

ကာဂါဝါဟာ ရာသီတဝက်မှာ ဒဏ်ရာရပြီး​ လက်ကျန်ပွဲ​တွေအား​လုံး​ လွဲ​ချော်ခဲ့​ပေမယ့်​ သူ့​ရဲ့​ ရာသီအစ သွင်း​ဂိုး​တွေနဲ့​ ​ဒေါ့​မန်ကို ချန်ပီယံဖြစ်​အောင် ကူညီနိုင်ခဲ့​ပါတယ်။

ဂျပန် ကွင်း​လယ်သမား​ဟာ ဒုတိယရာသီမှာ ​ခြေစွမ်း​ပြ ကစား​နိုင်ပြီး​ ၃၁ ပွဲမှာ ၁၃ ဂိုး​ သွင်း​နိုင်သလို ဖန်တီး​မှု​တွေလည်း​ လုပ်နိုင်လို့​ ​ဒေါ့​မန်ကို ဒုတိယ အကြိမ်​မြောက် ချန်ပီယံဖြစ်​အောင် စွမ်း​ဆောင်နိုင်ခဲ့​သူလည်း​ ဖြစ်ပါတယ်။

မန်ယူ နည်း​ပြ ဖာဂူဆန်က ကာဂါဝါအ​နေနဲ့​ ပရီး​မီး​ယား​လိဂ်မှာ မြန်မြန်အသား​ကျနိုင်ဖို့​အတွက် ​မျှော်လင့်​နေတယ်လို့​ ဆိုပါတယ်။

“​ဒေါ့​မန်နဲ့​ ပြီး​ခဲ့​တဲ့​ ၂ ရာသီလုံး​မှာ သူ ​ခြေစွမ်း​ပြ ကစား​နိုင်ခဲ့​ပါတယ်။ ကျ​နော်တို့​ရဲ့​ ဂျာမနီက ​ဘောလုံး​ကင်း​ထောက်​တွေက သူ ကစား​တာ ဘယ်လို​ကောင်း​ကြောင်း​ အမြဲ​ပြော​လေ့​ ရှိပါ တယ်။ ဒါ​ကြောင့်​ ကျ​နော်တို့​ သူ့​ကို အရယူ ​ခေါ်နိုင်ခဲ့​ပါတယ်။ ပိုဝဲလ်ကို ​ခေါ်တာလည်း​ ဒီ နည်း​အတိုင်း​ပါပဲ။ သူတို့​က အသင်း​ရဲ့​ တကယ် လိုအပ်တဲ့​ ​နေရာအတွက် ကိုက်ညီလို့​ ဆုံး​ဖြတ်ပြီး​ ​ခေါ်လိုက်တာပါ။”

မိတ်ဆက်ပွဲမှာ ရှင်ဂျီ ကာဂါဝါက “တကမ္ဘာလုံး​က မီဒီယာ​တွေက ကျ​နော့်​အ​ပေါ် အာရုံစူး​စိုက်​နေကျသလိုမျိုး​ ခံစား​ရပါတယ်။ အခုဆိုရင် ကျ​နော်က မန်ယူလို ကြီး​ကျယ်တဲ့​အသင်း​ကြီး​ရဲ့​ ကစား​သမား​ ဖြစ်​နေပါပြီ။ အဲဒီအတွက် ကျ​ရောက်လာမယ့်​ ဖိအား​တွေကို ​ကျော်လွှား​နိုင်မယ်လို့​လည်း​ ထင်ပါတယ်။ ပရီး​မီး​ယား​လိဂ်က ကစား​တဲ့​ ပုံစံနဲ့​ မြန်မြန် အသား​ကျလိမ့်​မယ်လို့​ ကျ​နော် ယုံကြည်ပါတယ်” လို့​ ​ပြောပါတယ်။

ကာဂါဝါဟာ အိုး​ထရက်ဖို့​အသင်း​ကို ပထမဆုံး​ ​ရောက်ရှိလာတဲ့​ ဂျပန်နိုင်ငံသား​ဖြစ်ပြီး​ ပတ်ဂျီဆန်နဲ့​ ​ဒေါင်ဖန်ဇူး​ပြီး​ရင် မန်ယူက​နေ တတိယ​မြောက် ​ခေါ်ယူခြင်း​ခံရတဲ့​ အာရှ ​ဘောလုံး​သမား​လည်း​ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up