
Lead Story သတင်း အားကစား ၂၀၁၈ ကမ္ဘာ့ဖလား
အင်္ဂလန်နှင့်ပွဲ မတိုင်မီ ခရိုအေးရှားအသင်း နည်းပြအဖွဲ့ဝင်တဦးကို ထုတ်ပယ်

Email This Story :
အင်္ဂလန်နဲ့ ဆီမီးဖိုင်နယ်ပွဲ မတိုင်မီ ခရိုအေးရှား နည်းပြတဦးဖြစ်တဲ့ ဗူကိုရက်ဗစ်ဟာ ယူကရိန်းထောက်ခံတဲ့ ဗွီဒီယို တင်ခဲ့လို့ နည်းပြအဖွဲ့ဝင်အဖြစ်က ထုတ်ပယ်ခံလိုက်ရပါတယ်။
ခရိုအေးရှား နောက်တန်းကစားသမားဟောင်း တဦးလည်းဖြစ်တဲ့ ဗူကိုရက်ဗစ်ဟာ ရုရှားအသင်းကို အနိုင်ရခဲ့ပြီးနောက် ယူကရိန်းရဲ့ ဂုဏ်ရောင်ဆိုပြီး အော်ဟစ်ခဲ့တဲ့ ဗွီဒီယိုဖိုင်ကို အင်စတာဂရမ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။
အခုလုပ်ရပ်ကြောင့် ဖီဖာက ဗူကိုရက်ဗစ်ကို ဒေါ်လာတသောင်းခွဲ ဒဏ်ရိုက်ခဲ့သလို ခရိုအေးရှား အသင်းကလည်း နည်းပြအဖွဲ့ဝင်အဖြစ်က ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။