ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် လျူရှောင်ဘို၏ ဇနီးကို နေအိမ်အကျယ်ချုပ်မှ ပြန်လွှတ်

ဓာတ်ပုံ - Lehtikuva/Jussi Nukari/Reuters
ကွယ်လွန်သူ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် လျူရှောင်ဘိုရဲ့ ဇနီးဖြစ်သူကို တရုတ်အစိုးရက နေအိမ်အကျယ်ချုပ်နဲ့ ၈ နှစ်ကြာ ဖမ်းဆီးထားရာကနေ ဇူလိုင် ၁၀ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်ပါတယ်။ တရုတ်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူလည်းဖြစ်၊ စာရေးဆရာလည်းဖြစ်တဲ့ လျူရှောင်ဘိုရဲ့ဇနီး လျူရှားဟာ ဇူလိုင် ၁၀ ရက်နေ့မှာပဲ ဘေဂျင်းကနေ ဂျာမနီနိုင်ငံ မြို့တော်ဘာလင်ကို ထွက်ခွာသွားပြီဖြစ်ပါတယ်။ သူ့ရဲ့ ခင်ပွန်းဖြစ်သူ လျူရှောင်ဘိုကို အာဏာဖီဆန်မှုနဲ့ တရုတ်အစိုးရက ၂၀၀၉ ခုနှစ်က ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပါတယ်။ သူဟာ ထောင်ထဲမှာ အကျဉ်းချခံထားရစဉ် အသည်းကင်ဆာရောဂါ ဖြစ်လာတဲ့အတွက် ၂၀၁၇ ဇူလိုင်လမှာ ကွယ်လွန်သွားခဲ့ပါတယ်။ လျူရှောင်ဘို ကွယ်လွန်တဲ့ တနှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား မတိုင်မီ အခု  ဇနီးဖြစ်သူ လျူရှားကို ပြန်လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up