Home
မြန်မာသတင်း
မြောက်ပိုင်းမဟာမိတ်အဖွဲ့လုံခြုံရေးကို တရုတ်တာဝန်ယူထားဟု ဗိုလ်ချုပ်ဂွန်မော်ပြော (ရုပ်သံ)
DVB
·
July 10, 2018
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ - တတိယအစည်းအဝေး တက်ရောက်မယ့် အန်စီအေလက်မှတ်မထိုးသေးတဲ့ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ဒီကနေ့ နေ့လယ် ၂ နာရီခွဲက နေပြည်တော်လေဆိပ်ကို ရောက်ရှိလာပါတယ်။ ဒီလို ငြိမ်းချမ်းရေးညီလာခံလာရောက်ရတာဟာ မျှော်လင့်ချက်တွေနဲ့ လာရောက်တာဖြစ် တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွန်မော်က ပြောပါတယ်။ ဒါ့အပြင် ဒီမြောက်ပိုင်းမဟာမိတ်အဖွဲ့ကို တရုတ်က လုံခြုံရေးကအစ တာဝန်ယူပြီးခေါင်း ဆောင်လာ တာဖြစ်ကြောင်းလည်း ပြောပါတယ်။ “တရုတ်ကတော့ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ် သုံးကြိမ်မှာ ဒီဒုတိယ အကြိမ်ကနေစပြီးတော့မှ ဒီမြောက်ပိုင်းမဟာမိတ်အဖွဲ့ကို  သူတာဝန်ယူပြီးမှ လုံခြုံရေးက အစပေါ့နော် အဲလိုတာဝန်ယူပြီးခေါ်ဆောင်လာတာဖြစ်ပါတယ်။ ” ဒါ့အပြင် ဒီညီလာခံတက်ရောက်လာတာဟာ ဆွေးနွေးဖို့အဓိကမဟုတ်ဘဲ အဆက်ပြတ် နေတဲ့ဆက်သွယ်ရေးတွေကို ဘယ်လို လုပ်ဆောင်ရမလဲ ဆိုတာကို အဓိကကျတယ်လို့လည်း သတင်းထောက်တွေကို ပြောပါတယ်။ တတိယအကြိမ် ပင်လုံညီလာခံကို ဇူလိုင် ၁၁ ရက်နေ့ ၁၆ ရက်နေ့ထိ နေပြည်တော်မှာ ကျင်းပမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024