မြန်မာအိုလံပစ်အသင်း နှစ်သုတ်ခွဲပြီး လန်ဒန်သွားတော့မည်

၁၉၇၂ ခုနှစ်က ဂျာမနီနိုင်ငံမှာ ကျင်းပသည့် အြကိမ် ၂၀ ေြမာက် ြမူးနစ် ကမ္ဘာအိုလံပစ် အားကစားြပိုင်ပွဲဝင် ြမန်မာအေလးမသမား ကိုအောငျွကီး
4.4K
လာမယ့် ဇူလိုင် ၂၇ ရက်နေ့ စတင်ကျင်းပမယ့် ဗြိတိန်နိုင်ငံ လန်ဒန်မြို့ အိုလံပစ်ပြိုင်ပွဲမှာ မြန်မာအားကစားသမား ၆ ဦး ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး မြန်မာအိုလံ ပစ်အသင်းအနေနဲ့ နှစ်သုတ်ခွဲပြီး လန်ဒန်ကိုထွက်ခွာဖို့ပြင်ဆင်နေတယ်လို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အတွင်းရေးမှူး ဦးခင်မောင်လွင်က ပြောပါတယ်။
[caption id="attachment_27933" align="alignleft" width="300" caption="၁၉၇၂ ခုနှစ်က ဂျာမနီနိုင်ငံမှာ ကျင်းပသည့် အကြိမ် ၂၀ မြောက် မြူးနစ် ကမ္ဘာအိုလံပစ် အားကစားပြိုင်ပွဲဝင် မြန်မာအလေးမသမား ကိုအောင်ကြီး "]
[/caption]
အားကစားနည်းပြတွေနဲ့ အားကစားသမားတွေကတော့ နေမျိုးအောင် (မြားပစ်)၊ ရွှေဇင်လတ် (အနောက်တိုင်း လှေလှော်)၊ မအေးအေးအောင် (ဂျူဒို)၊ မောင်ကြူ (သေနတ်ပစ်)နဲ့ ပြေးခုန်ပစ်မှာ သီတာစန်း (အမျိုးသမီး မာရသွန်)၊ သက်ဇော်ဝင်း (မီတာ ၄၀၀ အပြေး) တို့ဖြစ်ပါတယ်။
လန်ဒန်အိုလံပစ်ပွဲဝင်မယ့် မြန်မာအသင်းမှာ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု အားကစားဝန်ကြီး ဦးတင့်ဆန်း ခေါင်းဆောင်မှာဖြစ်ပြီး အဖွဲ့ဝင် ၁၇ ဦးပါ မြန်မာ အိုလံပစ်အသင်းဟာ ပထမအသုတ်အနေနဲ့ ဇူလိုင် ၂၂ ရက်နေ့မှာ စတင်ထွက်ခွာမှာဖြစ်ပြီး ဒုတိယအသုတ်က ၂၅ ရက်နေ့မှာ လန်ဒန်ကို ထွက်ခွာမယ်လို့ ဦးခင်မောင်လွင်က ဒီဗွီဘီကို ပြောပါတယ်။
ဇူလိုင် ၁၁ ရက်နေ့ကတော့ ရန်ကုန်မြို့ သုဝဏ္ဏ အမျိုးသားအားကစားရုံမှာ ဗြိတိသျှသံရုံးက ကျင်းပပေးတဲ့ လန်ဒန်သို့သွားရာခရီးလမ်း ဆိုတဲ့ အခမ်း အနား တခုကို ကျင်းပခဲ့ပြီး လန်ဒန် အိုလံပစ် ပါဝင်ဆင်နွှဲကြမယ့် မြန်မာအားကစား သမားတချို့ စွမ်းရည်ပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်နည်းပြ ဦးသိန်းကြိုင်ကတော့ မြားပစ်ပြိုင်ပွဲ ဝင်မယ့် ကိုနေမျိုးအောင်ရဲ့ အခြေအနေ တိုးတက်မှု ရှိတဲ့အကြောင်းနဲ့ ပြီးခဲ့တဲ့ ၂၀၀၈ ဘေဂျင်း အိုလံပစ်ပြိုင်ပွဲတုန်းက ရခဲ့တဲ့ ရလဒ်ထက် ပိုပြီးကောင်းအောင် ကြိုး စားနေတယ်လို့ပြောပါတယ်။
“တိုးတက်မှုရှိပါတယ်။ မဆိုးပါဘူး အခုရက်ထဲမှာတော့။ သူ ဟိုမှာ ပစ်ရမယ့် မီတာအကွာအဝေးကို မနက် ၈ နာရီခွဲကနေ ၁၁ နာရီ တကြိမ်၊ ညနေ ၃နာရီကနေ ၅နာရီထိ တကြိမ်။ ၂ ကြိမ် လေ့ကျင့်ပေးနေတယ်။ အဓိက ပြိုင်ဘက်ကတော့ အမေရိကန်၊ အိန္ဒိယတို့၊ အီတလီ၊ ရုရှား သူတို့က တကယ်ကောင်းတဲ့နိုင်ငံတွေပေါ့။ ကျနော်တို့က အတွေ့အကြုံယူတဲ့သဘောပါပဲ။ ဆုတံဆိပ်တော့ မမှန်းရဲပါဘူး။”
မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ၁၄ ကြိမ်မြောက် လန်ဒန် အိုလံပစ်ပြိုင်ပွဲကစလို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာပါ။ ၁၉၇၆ ခုနှစ် ကနေဒါ အိုလံ ပစ်ပွဲမှာတော့ ဝင်ပြိုင်ခဲ့ခြင်း မရှိပါဘဲ အခုတကြိမ်နဲ့ဆို မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်တဲ့ အိုလံပစ်ပွဲပေါင်း ၁၆ ပွဲရှိမှာဖြစ်ပေမယ့် ဆုတံဆိပ်တော့ တကြိမ်မှ မရဖူးသေးပါဘူး။
အိုလံပစ်ပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့်ရခဲ့တဲ့ ပထမဆုံး မြန်မာအမျိုးသားကတော့ ဦးဇော်ဝိတ်ဖြစ်ပြီး ၁၉၃၆ ခုနှစ်က ဂျာမနီနိုင်ငံ ဘာလင်မှာကျင်းပတဲ့ ၁၁ ကြိမ်မြောက် အိုလံပစ်ပြိုင်ပွဲ အလေးမပြိုင်ပွဲမှာ ဝင်ပြိုင်ခဲ့တာပါ။ ထိုစဉ်က မြန်မာနိုင်ငံကို အင်္ဂလိပ်က အိန္ဒိယရဲ့ ပြည်နယ်တခုအဖြစ် သတ်မှတ်ထားတဲ့အတွက် ဦးဇော်ဝိတ် ဟာ အိန္ဒိယနိုင်ငံကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်ခဲ့ရတာပါ။
အိုလံပစ်သမိုင်းမှာ မြန်မာအသင်းရဲ့ အမြင့်ဆုံးအောင်မြင်မှုတွေကတော့ ၁၉၇၂ ခုနှစ်က ဂျာမနီနိုင်ငံမှာ ကျင်းပတဲ့ အကြိမ် ၂ဝမြောက် မြူးနစ် အိုလံပစ်ပွဲမှာ မြန်မာအလေးမသမား အောင်ကြီးက ဖလိုင်းဝိတ်တန်း အမြန်မ ၁၀၅ ကီလိုတန်းမှာ ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့တာနဲ့ မြန်မာဘောလုံးအသင်း ခြေစစ်ပွဲအောင်ပြီး အသန့်ရှင်းဆုံးအသင်း ဆုရခဲ့တာတွေပဲ ဖြစ်ပါတယ်။
မျက်မှောက်ခေတ် အိုလံပစ်ပြိုင်ပွဲတွေမှာတော့ ပြီးခဲ့တဲ့ ၂၀၀၀ ပြည့်နှစ် ဩစတြေးလျနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဆစ်ဒနီ အိုလံပစ်ပွဲမှာ မြန်မာအလေးမသမား မကေသီဝင်း စတုတ္ထနေရာရ ရှိခဲ့ပါတယ်။
၂၀၁၂ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့ကနေ ဩဂုတ် ၁၂ ရက်ထိ ကျင်းပမယ့် အကြိမ် ၃၀ မြောက် လန်ဒန် အိုလံပစ်ပွဲမှာတော့ မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၀၀ ကျော်က အားကစားသမား ပေါင်း ၁ သောင်းကျော် ဝင်ရောက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။