ဆူဇူကီး​ဖလား​ ​ဘောလုံး​ခြေစစ်ပွဲ မြန်မာနိုင်ငံတွင် ကျင်း​ပမည်

ဓာတျ​ပုံ-​အေ​အကျဖျ​အကျဖျ
အာဆီယံ​ဘောလုံး​အဖွဲ့​ချုပ်က ကျင်း​ပတဲ့​ ၂၀၁၂ ဆူဇူကီး​ဖလား​ ​ဘောလုံး​ပြိုင်ပွဲ အတွက် ​ခြေစစ်ပွဲစဉ်​တွေကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ​အောက်တိုဘာ ၅ ရက်​နေ့​က ၁၃ ရက်​နေ့​အထိ လက်ခံ ကျင်း​ပသွား​မှာ ဖြစ်ပါတယ်။ [caption id="attachment_27927" align="alignleft" width="300" caption="ဓာတ်​ပုံ-​အေ​အက်ဖ်​အက်ဖ်"][/caption]ရန်ကုန်မြို့​ သုဝဏ္ဏ ကွင်း​မှာ ပြုလုပ်မယ့်​ အုပ်စုပတ်လည် ​ခြေစစ်ပွဲစဉ်​တွေမှာ မြန်မာအသင်း​က ဘရူနှိုင်း​နဲ့​ ပွဲဦး​ထွက် ကစား​ရမှာဖြစ်ပြီး​ တီ​မော၊​ ကမ္ဘာဒီယား​၊​ လာအို စတဲ့​အသင်း​တွေနဲ့​ အစဉ်လိုက် ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အမှတ်များ​တဲ့​ နှစ်သင်း​ ​ခြေစစ်ပွဲ​အောင်မှာဖြစ်ပြီး​ ပထမ​နေရာ ရတဲ့​အသင်း​က အုပ်စု (က)မှာ ထိုင်း​၊​ ဗီယက်နမ်၊​ ဖိလစ်ပိုင်တို့​နဲ့​ တအုပ်စုတည်း​ ကျ​ရောက်ပြီး​ ဒုတိယရတဲ့​ အသင်း​ က အုပ်စု (ခ)မှာ မ​လေး​ရှား​၊​ အင်ဒိုနီး​ရှား​၊​ စင်္ကာပူတို့​နဲ့​ တအုပ်စုတည်း​ ကျ​ရောက်မှာ ဖြစ်ပါတယ်။ အုပ်စုပတ်လည် ပွဲစဉ်​တွေကို ထိုင်း​နဲ့​မ​လေး​ရှား​ ပူး​တွဲအိမ်ရှင်အဖြစ် လာမယ့်​ နိုဝင်ဘာလထဲမှာ လက်ခံကျင်း​ပသွား​မှာ ဖြစ်ပါတယ်။ မြန်မာ့​လက်​ရွေး​စင်အသင်း​ကို ယူ - ၂၂ အသင်း​နည်း​ပြ ပတ်​ဆောင်ဟွာက စိတ်ကြိုက်​ရွေး​ချယ်ပြီး​ ​လေ့​ကျင့်​ပေး​သွား​မှာ ဖြစ်ပါတယ်။ ကိုရီး​ယား​နည်း​ပြဟာ မြန်မာ ယူ ၂၂ အသင်း​ကို အာရှယူ ၂၂ ​ခြေစစ်ပွဲ ​အောင်မြင်​အောင် စွမ်း​ဆောင်ထား​ပါတယ်။ ​ခြေစစ်ပွဲစဉ်များ​ ၅-၁၀-၂၀၁၂ က​မ္ဘောဒီး​ယား​ - အ​ရှေ့​တီ​မော ၅-၁၀-၂၀၁၂ မြန်မာ - ဘရူနိုင်း​ ၇-၁၀၂၀၁၂ အ​ရှေ့​တီ​မော - မြန်မာ ၇-၁၀၂၀၁၂ လာအို - က​မ္ဘောဒီး​ယား​ ၉-၁၀-၂၀၁၂ က​မ္ဘောဒီး​ယား​ - ဘရူနိုင်း​ ၉-၁၀-၂၀၁၂ အ​ရှေ့​တီ​မော - လာအို ၁၁-၁၀-၂၀၁၂ ဘရူနိုင်း​ - လာအို ၁၁-၁၀-၂၀၁၂ မြန်မာ - က​မ္ဘောဒီး​ယား​ ၁၃-၁၀-၂၀၁၂ လာအို - မြန်မာ ၁၃-၁၀-၂၀၁၂ ဘရူနိုင်း​ - အ​ရှေ့​တီ​မော ​နောက်ဆုံး​အဆင့်​ အုပ်စုခွဲ​ဝေမှု အုပ်စု(က) ထိုင်း​၊​ဗီယက်နမ်၊​ဖိလစ်ပိုင်၊​ ​ခြေစစ်ပွဲ(ပ) အုပ်စု(ခ) မ​လေး​ရှား​၊​ အင်ဒိုနီး​ရှား​၊​စင်ကာပူ၊​ခြေစစ်ပွဲ(ဒု)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up