ရိုဟင်ဂျာအရေး သမ္မတရဲ့ ပြောဆိုချက်အပေါ် အမြင်သဘောထား

မြန်မာ့ပိုင်နက်တွင်းကို ခိုးဝင်လာတဲ့ ရိုဟင်ဂျာတွေကို လက်ခံဖို့ ဘယ်လိုမှမဖြစ်နိုင်တဲ့အတွက် ကုလသမဂ္ဂဒုက္ခသည်ထံ လွှဲပြောင်းအပ်နှံမှာဖြစ်ပြီး သူတို့ကို လက်ခံမယ့် တတိယနိုင်ငံကို ပို့ပေးမယ်လို့ သမ္မတ ဦးသိန်းစိန်က အစိုးရရဲ့ သဘောထားကို ကြေညာလိုက်ပါတယ်။ နေပြည်တော်မှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres နဲ့ ဇူလိုင် ၁၁ ရက်နေ့ တွေ့ဆုံရာမှာ သမ္မတရဲ့ အစိုးရရပ်တည်ချက် ပြောဆိုတာကို သမ္မတရုံးဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး ပြောဆိုချက်အပေါ် စာဖတ်သူတွေရဲ့ ထင်မြင်ယူဆချက်တွေကို ရေးသားထားခဲ့နိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up