Home
မြန်မာသတင်း
မန္တလေးတက္ကသိုလ်အတွင်း လုယက်ခိုးယူမှုများ ဖြေရှင်းပေးရန်​ သမဂ္ဂ​ကျောင်းသား ၃ဦးဆန္ဒပြ
Aung Aung Naing
·
July 9, 2018
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ မန္တလေးတက္ကသိုလ်အတွင်း လုယက်မှု၊ ခိုးမှုတွေ မကြာခဏဖြစ်ပွား​နေတဲ့အတွက်​ ဖြေရှင်းပေးဖို့ သမဂ္ဂ​ကျောင်းသား ၃ ဦးတို့က သပိတ်မှောက် ဆန္ဒပြနေကြပါတယ်။ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကို​ကျော်​ဝင်းစိန်​၊ ကိုစံမြတ်​ထွန်း(၁)နဲ့ ကိုဇာနည်​မိုးတို့သုံးဦးက ဇူလိုင်လ ၉ မှာ မန္တလေးတက္ကသိုလ်အတွင်း လုယက်မှုနဲ့ ခိုးမှုတွေကို တက္ကသိုလ်​တာဝန်ရှိသူတွေအနေနဲ့ ဖြေရှင်းပေးဖို့အတွက် သပိတ်မှောက်တောင်းဆို ဆန္ဒပြခဲ့ကြ ပါတယ်။ မန္တ​​လေးတက္ကသိုလ်​ ​ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုကျော်ဝင်းစိန် က “ကျနော်တို့က ဆန္ဒပြတဲ့အခြေအနေကို သွားနေတာမဟုတ်ဘူး။ ကျောင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး ကျောင်းက တာဝန်ရှိသူတွေနဲ့ အကြိမ်ကြိမ်ညှိနှိုင်းခဲ့တယ်။ ဒါပေမယ့် ဘာမှ ဖြေရှင်းမပေးတဲ့အတွက် အခုလို သပိတ်မှောက်​ ဆန္ဒပြရတာပြရတာဖြစ်တယ်”လို့ ပြောပါတယ်​။ မန္တလေးတက္ကသိုလ် လုံခြုံရေးအတွက် မေလထဲက လုံခြုံရေး ကုမ္ပဏီတခုကို ငှားရမ်းခဲ့ပြီး လုံခြုံရေးဝန်ထမ်း ၁ဝ ဦး လုံခြုံရေးယူထားကာ လုံခြုံရေးကုမ္ပဏီနဲ့ မန္တလေးတက္ကသိုလ် အကြား ချုပ်ဆိုထားတဲ့ စာချုပ်မှာ ကုမ္ပဏီဝန်ထမ်းတွေရဲ့ ပေါ့ဆတဲ့အတွက် ပစ္စည်းပျောက်ဆုံးပါက ကုမ္ပဏီက တလ အတွင်း ပေးလျော်ရမယ်​လို့ ချုပ်ဆိုထားတယ်​လို့ ကို​ကျော်​ဝင်းစိန်​က ပြောပါတယ်​။ မန္တလေးတက္ကသိုလ်မှာ ဇူလိုင်လ ပထမပတ်အတွင်း ဆိုင်ကယ်ခိုးမှု၊ လုယက်မှု ၄ မှု ရှိခဲ့ပြီး ကျောင်းသား ကျောင်းသူတွေ၊ ဆရာ ဆရာမတွေရဲ့ လုံခြုံရေးပါစိုးရိမ်နေကြတာပါ။ လိုအပ်​​နေတဲ့ လုံခြုံ​ရေးကိစ္စကို​ ပြေလည်​​အောင်​​ဆောင်​ရွက်​မ​ပေးနိုင်​ခဲ့ရင်​ ဆက်​လက်​ပြီး အရှိန်​မြှင့် သပိတ်​​မှောက်​သွားမယ်လို့လည်း ဆန္ဒပြကျောင်းသားတွေက ဆိုပါတယ်​။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024