Home
မြန်မာသတင်း
ဗိုလ်ချုပ်​​ကြေးရုပ်​သယ်​ဆောင်လာပါက ကရင်​နီလူငယ်များ ပိတ်ဆို့တားဆီးမည်
DVB
·
July 9, 2018
ကယားပြည်​နယ်​၊ လွိုင်​​ကော်​မြို့ကို ဗိုလ်​ချုပ်​​ကြေးရုပ်​ သယ်​ယူလာမယ့် သတင်း​ကြောင့် ကရင်​နီလူငယ်​ထု​တွေဟာ လွိုင်​​ကော်​မြို့အဝင်​ လမ်းမ​တွေ​ပေါ်မှာ ဒီက​နေ့ ​ပိတ်​ဆို့တားဆီးဖို့ ​စောင့်ဆိုင်း​နေကြပါတယ်​။ အခုလို ပိတ်​ဆို့ တားဆီးမယ့်အ​ပေါ် ကယန်းမျိုးဆက်​သစ်​လူငယ်​ တွဲဖက်​အတွင်း​ရေးမှူး (၂) ခွန်း​သောမတ်​စ်​က "နဂိုကတည်းက ကျ​နော်​တို့ ဗိုလ်​ချုပ်​​ကြေးရုပ်​ကို လက်​မခံတဲ့ လူငယ်​ အုပ်​စု​တွေ​လေ။ ဆို​တော့ ဒီ​နေ့က ​ပြောပုံအရဆို​တော့ ဒီ​နေ့သယ်​လာဖို့ရှိတာ​ပေါ့။ ကျ​နော်​တို့ လက်​မခံထားတဲ့အတွက်​ ကရင်​နီပြည်​ကို ကျ​နော်​တို့ အဝင်​မခံဘူး​ပေါ့" လို့ ​ပြောပါတယ်​။ ကရင်​နီလူငယ်​ထု​တွေက ပိတ်​ဆို့ တားဆီးသွားမှာဖြစ်​​ပေမယ့် အကြမ်းဖက်​မှာမဟုတ်​ပဲ ညှိနှိုင်း​ဆောင်​ရွက်​သွားမယ်​လို့ ခွန်း​သောမတ်​စ်​က ဆိုပါတယ်​။ ဒီတားဆီးပိတ်​ဆို့တာကို ​တောင်​ကြီး-လွိုင်​လင်​​-လွိုင်​​ကော်​လမ်း၊ ဖယ်​ခုံ-မိုးဗြဲ-လွိုင်​​ကော်​ လမ်းနဲ့ မိုးဗြဲ-ဒီး​မော့ဆို-လွိုင်​​ကော်​လမ်းမ​​တွေ​ပေါ်မှာ ကရင်​နီလူငယ်​ထု​တွေက ဗိုလ်​ချုပ်​​ ကြေးရုပ်​ကို ကရင်​နီပြည်​ထဲ အဝင်​မခံပဲ ပိတ်​ဆို့တားဆီးဖို့ လုပ်​​ဆောင်​​နေကြတာ ဖြစ်​ပါတယ်​။ ကယားပြည်​နယ်​ဝန်​ကြီးချုပ်​ ဦးအယ်​​လ်ေ​ဖာင်းရှိုဦး​​ဆောင်ပြီး​ ဗိုလ်​ချုပ်​​အောင်​ဆန်း မြင်းစီး​ ကြေးရုပ်​ကို လွိုင်​​ကော်​မြို့မှာ ထားရှိမှာကို ကရင်​နီလက်​နက်​ကိုင်​ အဖွဲ့​တွေအပါအဝင်​ အခြား ကရင်​နီအဖွဲ့အစည်း ၂၀ ​​လောက်​က ရက်​အကန့်​အသတ်​မရှိ ​ရွှေ့ဆိုင်းထားဖို့ ဇူလိုင်​လ ၇ ရက်​​က ဝန်​ကြီးချုပ်​နဲ့ ​တွေ့ဆုံတဲ့အစည်းအ​ဝေးမှာ ​တောင်းဆိုထား​​ပေမယ့် ခုလို သယ်​ယူလာဖို့ လုပ်​​ဆောင်​​နေတယ်​လို့ သိရှိရတာ​ကြောင့်ကရင်​နီလူငယ်​ထု​တွေက လမ်းမ​တွေ​ပေါ်မှာ ပိတ်​ဆို့တားဆီးထားဖို့ ​စောင့်​ဆိုင်း​နေကြတာပါ။ ပြီးခဲ့တဲ့ ဇူလိုင်​လ ၃ ရက်​​ကလည်း လွိုင်​​ကော်​မြို့​ပေါ်မှာ ဗိုလ်​ချုပ်​​ကြေးရုပ်​ထားရှိမှာကို ကန့်​ကွက်​ဆန္ဒထုတ်​​ဖော်​ခဲ့တဲ့ ကရင်​နီလူထု​တွေနဲ့ ပြည်​နယ်​ရဲတပ်​ဖွဲ့တို့ ရုန်းရင်းဆန်​ခတ်​ဖြစ်​ခဲ့ ပါ​တယ်​။ ကရင်​နီပြည်​သမိုင်း​ကြောင်း၊ ဗိုလ်​ချုပ်​​ကြေးရုပ်​ထားမယ့်အ​ပေါ် စိုးရိမ်​ချက်​၊ သုံးသပ်​ချက်​နဲ့ အကြံပြုတိုက်​တွန်းချက်​​တွေပါတဲ့ လက်​ကမ်း​စောင်​​တွေ ဖြန့်​​ဝေခဲ့တဲ့ ကရင်​နီလူငယ်​ ၁၁ ဦးဟာလည်း နိုင်​ငံ​တော်​အကြည်​ညိုပျက်​​စေမှု ပုဒ်​မ ၅၀၅ (ခ) (ဂ) နဲ့ တရားစွဲဆိုခံထားရပါတယ်​။ သတင်း၊ ဓာတ်​ပုံ- ခွန်းတူးတူး​လေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024