ရန်ကုန်မြစ်အတွင်း ထူးကဲဒီရေတက်မည်
ပိုင်စိုး
·
July 9, 2018
လာမယ့် ရက်ပိုင်းအတွင်း ရန်ကုန်မြစ်ထဲမှာ ထူးကဲဒီရေတက်မယ်လို့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က အသိပေးထားပါတယ်။
ဇူလိုင် ၁၂ ရက်ကနေ ဇူလိုင် ၁၇ ရက်အထိ ကာလမှာ ရန်ကုန်မြစ်တွင်း အခြေခံ ရေစစ်မျဉ်း အထက် အမြင့်ပေ ၂၀ ဒသမ ၄ ပေကနေ ၂၀ ဒသမ ၂ ပေလောက်အထိ သာမာန်ထက်ထူးကဲ တက်ဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် မြစ်ကမ်းနားမှာ နေထိုင်ကြတဲ့ လုပ်သားပြည်သူတွေအနေနဲ့ ကြိုတင် ပြင်ဆင်တာတွေ လုပ်နိုင်အောင် အသိပေးထားတာပါ။
ရန်ကုန်မြစ်ရေဟာ ပြီးခဲ့တဲ့ ၂၀၁၄-၁၅ ခုနှစ်တွေမှာ အခြေခံ ရေစစ်မျဉ်းအထက် ၂၂ ပေအထိ မြင့်တက်ခဲ့ဖူးတာကြောင့် စိုးရိမ်စရာတော့ မရှိဘူးလို့လည်း ဆိုပါတယ်။