အဆိုတော် အစ္စဏီကို စွဲထားသည့်အမှု ၉ ကြိမ်မြောက်ရုံးထုတ်
သူဇာလင်း
·
July 9, 2018
မုဒိမ်းမှု၊ ပြင်းထန်စွာနာကျင်စေမှု၊ တုံးသောလက်နက်နဲ့ ပြင်းထန်စွာနာကျင်စေမှုတို့နဲ့ တရားစွဲဆိုခံထားရတဲ့ အဆိုတော်အစ္စဏီကို ဇူလိုင်လ ၉ ရက်နေ့မှာ တာမွေတရားရုံးမှာ ၉ ကြိမ်မြောက်အဖြစ် ရုံးထုတ်ခဲ့ပါတယ်။
ဒီတပတ်ရုံးချိန်းမှာတော့ တရားလိုဖြစ်တဲ့ မော်ဒယ်ဆူးရှထက်ကို ဆက်လက်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရုံးချိန်းမှာတော့ ရုပ်သံတခုမှာ ဖြေဆိုထားတဲ့ အချက်အလက်တွေနဲ့ တရားလိုရဲ့ထွက်ဆိုချက်တွေ ကွဲလွဲနေတာကြောင့် တရားခံဘက်က သက်သေတင်သွင်းတာကို တရားရုံးက လက်ခံခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်က မော်ဒယ်စူးရှထက်ရဲ့နေအိမ်တိုက်ခန်းမှာ ရည်းစားဟောင်း အဆိုတော် အစ္စဏီက စူးရှထက်အား တကိုယ်လုံးကို ဖျစ်ညှစ်ခြင်း၊ လက်ချောင်းတွေနဲ့ လက်သည်းခွံတွေကို လှန်ချိုးလို့ နာကျင်ပြီး သတိမေ့နေတုန်း နှစ်ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်လို့ ရဲက သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ အဆိုတော်အစ္စဏီကို မုဒိမ်းမှု၊ ပြင်းထန်စွာနာကျင်စေမှု၊ တုံးတဲ့ လက်နက်နဲ့ ပြင်းထန်စွာနာကျင်စေမှုတို့နဲ့ တာမွေတရားရုံးမှာ ရုံးတင်စစ်ဆေးနေတာလည်း ဖြစ်ပါတယ်