ရိုက်တာသတင်းထောက် ၂ ယောက်လုံးကို စွဲချက်တင်ရန်အမိန့်ချ
DVB
·
July 9, 2018
ရိုက်တာသတင်းထောက်ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ယောက်လုံးကို နိုင်ငံတော်အစိုးရ လျှို့ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) နဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ဒီကနေ့ စတင် စွဲချက်တင်လိုက်ပါတယ်။
ဖမ်းဆီးစွပ်စွဲခံရတာ ၇ လပြည့်ဖို့ ရက်ပိုင်းအလိုမှာ ဒုတိယခရိုင်တရားသူကြီး ဦးရဲလွင်က စွဲချက်တင်ကြောင်း ဇူလိုင် ၉ ရက်နေ့က အမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရ လျှို့ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) ဟာ ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်တဲ့ ကိုလိုနီခေတ်က ဥပဒေဖြစ်ပါတယ်။
ဒါကြောင့် လာမယ့်ဇူလိုင်လ ၁၆ နေ့မှာ ရိုက်တာသတင်းထောက် ကိုဝလုံးကို ဆက်လက် စစ်ဆေးသွားမှာဖြစ်တယ်လို့ သတင်းထောက်တွေရဲ့ ရှေ့နေ ဦးခင်ဇော်က ပြောပါတယ်။