Home
မြန်မာသတင်း
ရှစ်လေးလုံးပါတီကို ပြည်သူ့ပါတီအဖြစ် အမည်​​ပြောင်းလဲ
Aung Aung Naing
·
July 8, 2018
ကန့်ကွက်မှုတွေရှိနေတဲ့ ရှစ်လေးလုံးပါတီကို ပြည်သူ့ပါတီအဖြစ် အမည်​​ပြောင်းလဲ​ သတ်မှတ်လိုက်ပါတယ်။ ဇူလိုင် ၈ ရက်​​နေ့က မန္တ​လေးမြို့မှာကျင်းပခဲ့တဲ့ နိုင်​ငံ​ရေးပါတီဖြစ်​​မြောက်​​ရေး​ကော်​မတီရဲ့ တတိယအကြိမ်​ အစည်းအ​ဝေးက အချက်​ ၃ ချက်​ ချမှတ်ပြီး အခုလို ဆုံးဖြတ်ခဲ့ကြတာပါ။ ရှစ်​​လေးလုံးပြည်​သူ့ပါတီအား ပြည်​သူ့ပါတီအဖြစ်​ အမည်​​ပြောင်းလဲ လျောက်​ထားဖို့၊ ပြည်​သူပါတီရဲ့ အမှတ်​တံဆိပ်​ အလံတို့ကိုလည်း အတည်​ပြုဆုံးဖြတ်​ခဲ့ပါတယ်။ “ကျွနု​ပ်​တို့သည်​ ပြည်​သူအားလုံးအတွက်​ ပြည်​သူတို့နဲ့အတူ ​ကြောက်​ရွံ့ခြင်း မသိ၊ နားမလည်​ခြင်း ဆင်းရဲနွမ်းပါးခြင်းတည်းဟူ​သော အ​မှောင်​တိုက်​ကို ဖွင့်လှစ်​၍ တရားမျှတခြင်း၊ လွတ်​လပ်​ခြင်း၊ တန်းတူညီမျှခြင်းဟူ​သော ​လောကပါလ တရားများကို အ​ခြေခံသည့် လွတ်​လပ်​ ငြိမ်းချမ်း​သော ကြွယ်​ဝချမ်းသာ​သော အလင်း​ခေတ်​နိုင်​ငံ​တော်​ကို တည်​​ဆောက်​သွားကြရန်​ ခိုင်​မာစွာ အဓိဋ္ဌာန်​ပြုပါသည်​” လို့ တက်​​ရောက်​လာတဲ့ ကိုယ်​စားလှယ်​အားလုံးရဲ့ သ​ဘောတူညီချက်​နဲ့အညီ ထုတ်​ပြန်​ခဲ့တာလို့ ဦးကိုကိုကြီးက​ ပြောပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024