တရုတ်ပြည်ဖွား ကိုးရီးယားများ ဗီဇာခက်ခဲ
DVB
·
July 12, 2012
လတ်တလော ဆယ်စုနှစ်တွေမှာ တောင်ကိုရီးယားနိုင်ငံဟာ စီးပွားရေးလည်ပတ်လုပ်ကိုင်ရာမှာ ရွှေ့ပြောင်း လုပ်သားတွေအပေါ် မှီခိုအားထားနေရပါတယ်။ အများစုဟာ အရှေ့တောင်အာရှနဲ့ တောင်အာရှ ဒေသတွေ ဆီက ရောက်လာကြတာပါ။ ဒါပေမယ့် လုပ်သားဦးရေ ၆ သိန်းလောက်ရှိတဲ့ အဲဒီ နိုင်ငံခြားလုပ်သား အများစုဟာ တရုတ်နိုင်ငံ အရှေ့မြောက်ဒေသက ဖြစ်ပါတယ်။ သူတို့ဟာ ကိုရီးယားအနွယ်တွေ ဖြစ်ပြီး အထူး ပြည်ဝင်ခွင့် ဗီဇာရကြပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ အဲဒီသူတွေ သောင်းနဲ့ချီပြီး ပြည်တော်ပြန်ရတော့မှာပါ။ လူတော်တော်များများကတော့ ဒါ မမျှတဘူးလို့ ပြောနေကြပါတယ်။ ဒီအကြောင်းကို အေးရှားကောလင်း သတင်းထောက် ဂျေဆန် စထရုသ်သာ (Jason Strother) က ဆိုးလ်ကနေ သတင်းပေးပို့ထားပါတယ်။