နေအိမ်များအကြား ဓာတ်ဆီဆိုင်ဖွင့်လှစ်မှုကို ဝိုင်းဝန်းကန့်ကွက်
DVB
·
July 12, 2012
မန္တလေးမြို့ ၂၆ ဘီလမ်း၊ ၉၀ နဲ့ ၉၁ လမ်းကြား၊ ပွဲကုန်းရပ်မှာ လူနေအိမ်တွေကြား ဓာတ်ဆီဆိုင်ဖွင့်လှစ်မှာကို ဝိုင်းဝန်းကန့်ကွက် ဆန္ဒဖော်ထုတ်မှုတခု ဒီနေ့ မနက်ပိုင်းမှာ ရပ်ကွက်နေလူထုက စုပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။
လူနေအိမ်တွေကြားမှာ လာရောက်ဖွင့်လှစ်တာဟာ မီးဘေးအန္တရာယ်စိုးရိမ်ရတဲ့အတွက် အခုလို ကန့်ကွက်ကြတာလို့ ပွဲကုန်းရပ်မှာ နေထိုင်သူတဦးက ပြောပါတယ်။
ဇွန်လဆန်းပိုင်းကတည်းက သက်ဆိုင်ရာကို တင်ပြကန့်ကွက်ခဲ့ပေမယ့် အရေးယူဆောင်ရွက်ခြင်းမရှိဘဲ ဓာတ်ဆီဆိုင် ဆက်လက်တည်ဆောက်နေတာကြောင့် ရပ်ကွက်နေပြည်သူတွေက စုပေါင်းကန့်ကွက်နေကြတာဖြစ်ပြီး ဆက်လက် ဆောင်ရွက်နေမယ်ဆိုရင် ရပ်ကွက်တွင်း စီတန်းလှည့်လည် ဆန္ဒပြကြမယ်လို့ ဆိုပါတယ်။
(ဓါတ်ပုံ - ချစ်ကို)
[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/mdyOilStop/]