Home
မြန်မာသတင်း
လူမှုကွန်ရက်ပေါ် ခင်မင်သည့် အမျိုးသမီးအား ဆေးခတ်၍ ဆွဲကြိုးဖြတ်ယူ
DVB
·
July 7, 2018
Facebook လူမှုကွန်ရက်ပေါ် ခင်မင်ရင်းနှီးခဲ့သူ အမျိုးသမီးတဦးရဲ့ အအေးခွက်အတွင်း ဆေးခတ်တိုက်ခဲ့ပြီး ဆွဲကြိုးဖြတ်ယူမှုဖြစ်ပွားခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ တိုင်းအကူရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်တွေဟာ ဇူလိုင် ၅ ရက်နေ့က မပေါ်ပေါက်သေးတဲ့ ခိုးမှု/လုယက်မှုတွေကို ကူညီစုံစမ်းဖော်ထုတ်ပေးဖို့ သက်သေတွေနဲ့အတူ နယ်မြေသတင်းစုံစမ်းနေစဉ် အောင်မြေသာစံမြို့နယ်၊ (၆၅×၆၀)လမ်းကြား၊ (၁၉)လမ်းမှာ ဆိုင်ကယ်မောင်းနှင်လာတဲ့ ထက်အောင် (ခ) ကေမင်းခန့် (၂၃) နှစ်ကို ရပ်တန့်စစ်ဆေးခဲ့ရာမှ အခုလို အမှု ပေါ်ပေါက်ခဲ့တာပါ။ စစ်ဆေးချက်အရ ဇွန်လ ၃၀ ရက်နေ့က Facebook လူမှုကွန်ရက်ပေါ်မှာ ခင်မင်ရင်းနှီးခဲ့သူ အမျိုးသမီးတဦးနဲ့ (၁၈×၁၉) လမ်းကြား၊ (၆၆)လမ်း၊ ကျုံးဘေးရှိ အအေးဆိုင်မှာတွေ့ဆုံစဉ် အမျိုးသမီးသောက်မယ့် အအေးခွက်အတွင်း မူးဝေစေသော ဆေးခတ်ကာ တိုက်ခဲ့ပြီး အမျိုးသမီး၏ လည်ပင်းမှာ ၀တ်ဆင်ထားတဲ့ ၁၅ ပဲရည် အလေးချိန်(၁)ကျပ်(၂)ရွေးသားခန့်ရှိ ရွှေဆွဲကြိုး (၁) ကုံးအား ဖြတ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့သတင်းမှာ ဖော်ပြါတယ်။ ထက်အောင်ထံကနေ သက်သေခံပစ္စည်းတွေ သိမ်းဆည်းပြီး အမှတ်(၁)နယ်မြေရဲစခန်းက (ပ)၃၁၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/၃၂၈ နဲ့ အမှုဖွင့်စစ်ဆေး နေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024