ဘရာဇီးကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ယူပြီး ဘယ်လ်ဂျီယံ ဆီမီးဖိုင်နယ်တက်(ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ နာမည်ကြီး နှစ်သင်း ထိပ်တိုက်တွေ့တဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ ဘယ်လ်ဂျီယံက ဘရာဇီးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ကမ္ဘာ့ထိပ်တန်း ကစားသမားတွေနဲ့ ပြည့်နေတဲ့ နှစ်သင်းဆုံတာ ဖြစ်လို့ အကြိတ်အနယ်နဲ့ ပွဲကောင်းတပွဲ ဖြစ်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံအတွက် ဦးဆောင်ဂိုးကို ဘရာဇီး နောက်တန်းသမား ဖာနန်ဒင်ဟို ကိုယ့်ဂိုးကိုယ် သွင်းမိရာကနေ ရသွားတာပါ။ ဒီပွဲမှာ ဘယ်လ်ဂျီယံက ခံစစ်ကို ဦးစားပေးပြီး တန်ပြန်တိုက်စစ်တွေနဲ့ ကစားသွားပါတယ်။ ဘရာဇီးအသင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးယူပြီး ဖိအားပေး ကစားနိုင်ပေမယ့် တဖက်က တန်ပြန်တိုက်စစ်တွဲလုံးတွေကို မထိန်းနိုင်ဘဲ ဖြစ်ခဲ့ပါတယ်။ ဒုတိယဂိုးကို ဒီဘရိုင်းက အဝေးကန်ချက်နဲ့ သွင်းယူခဲ့ပါတယ်။ ဘရာဇီး ဒုတိယပိုင်းမှာ လူစားလဲမှုတွေ လုပ်ခဲ့ပြီး ချေပဂိုး ၁ ဂိုးကို လူစားဝင်လာတဲ့  သြဂတ်စ်တိုက သွင်းယူပါတယ်။ ဘရာဇီးက တောက်လျှောက် ဂိုးသွင်းခွင့်တွေ ရပေမယ့် ဂိုးပေါက် မတည့်တာနဲ့ ဂိုးသမား ကော်တွိုက်က်စ် လက်စွမ်းပြနိုင်လို့ ဘယ်လ်ဂျီယံတို့ အနိုင်ရသွားပါတယ်။ ဘယ်လ်ဂျီယံဟာ ၁၉၈၆ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်ကို တက်ရာက်သွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up