လေဘာတီရုပ်တုပေါ်တက်ပြီး ဒေါ်နယ်ထရမ့်မူဝါဒကို ဆန္ဒပြသည့် အမျိုးသမီး ဖမ်းဆီးခံရ (ရုပ်သံ)

ဓာတ်ပုံ - AFP
အမေရိကန်နိုင်ငံမှာ နာမည်ကျော် လေဘာတီရုပ်တုပေါ်တက်ပြီး သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ မူဝါဒကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ အမျိုးသမီးတဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ အမေရိကန်နိုင်ငံ လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇူလိုင် ၄ ရက်နေ့က ဖြစ်ခဲ့တာဖြစ်ပြီး သူဟာ ထရမ့်ရဲ့ အငြင်းပွားဖွယ်ဖြစ်နေတဲ့ ရွှေ့ပြောင်းသွားလာသူများ နိုင်ငံတွင်း နေထိုင်မှုဆိုင်ရာ မူဝါဒကို ဆန္ဒပြခဲ့တာပါ။ သတင်းပေးချက်အရ မနက်ပိုင်း ၁၁ နာရီခွဲလောက်မှာ ရဲတွေဟာ အဆိုပါအမျိုး သမီးရှိရာဆီ သွားခဲ့ပြီးနောက် ရုပ်တုပေါ်မှ ဖယ်ရှားခိုင်းခဲ့ရတာလို့ ဆိုပါတယ်။ အစောပိုင်း ကာလတုန်းကလည်း အမေရိကန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာနကို ဖျက်သိမ်းပေးဖို့ အဆိုပါ လေဘာတီရုပ်တုပေါ်မှာ စာတန်းချိတ်ပြီး အင်္ကျီတွေပေါ်မှာလည်း အဲဒီစာတန်းတွေကို ပုံဖော်ဝတ်ဆင်ခဲ့တဲ့ ဆန္ဒပြသူတစုကိုလည်း ဖမ်းဆီးခဲ့ရပါသေးတယ်။ ဒါပေမယ့် ခုဆန္ဒပြတဲ့ အမျိုးသမီးနဲ့ သူတို့အဖွဲ့ ပတ်သက်မှုမရှိဘူးလို့ ပြောပြီး လက်ရှိမှာတော့ ဒီအမျိုးသမီးနဲ့ ပတ်သက်တဲ့ အသေးစိတ်အခြေအနေတွေကို မသိရှိနိုင် သေးဘူးလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up