အိန္ဒိယ-မြန်မာနယ်စပ်မှတ်တိုင် ကျူးကျော်နေသဖြင့် ကသည်းလူမျိုးများကန့်ကွက်
DVB
·
July 5, 2018
အိန္ဒိယ-မြန်မာနယ်စပ်မှာ နှစ်နိုင်ငံမြေတိုင်းအဖွဲ့တို့ ပူးပေါင်းပြီး အရင်လက စိုက်ထူခဲ့တဲ့ နယ်စပ်မှတ်တိုင် အမှတ် ၈၁ ဟာ မဏိပူရ ကသည်းလူမျိုးတွေရဲ့ ဘိုးဘွားပိုင် နယ်မြေထဲကို ၃ မိုင်လောက် ကျူးကျော်နေလို့ ဒေသခံ ကသည်းလူမျိုးတွေက ကန့်ကွက်နေကြပါတယ်။
ကွန်တောင်ရွာသား ကိုထွန်းလင်းက “အခုလက်ရှိ နယ်စပ်စည်းဟာ မြန်မာဘက်က ကွန်းတောင်ရွာ အနောက်ဘက်မှာ ရှိနေတာကြောင့် ရွာသားတွေအနေနဲ့ ပြဿနာတွေကြီးမား ပြီးရွာကိုပါ ရန်ပြုလာမှာ စိုးရိမ်တယ်” လို့ ပြောပါတယ်။
အိန္ဒိယအစိုးရက နှစ်နိုင်ငံညှိနှိုင်းပြီး နယ်မြေကိုအတည်ပြုထားပေမယ့် ဒေသခံတွေ အနေနဲ့ သဘောမတူတာကြောင့် ဆက်လက်ပြီး နယ်မြေအမှန်အတိုင်းဖြစ်ဖို့ အိန္ဒိယ အစိုးရကို တောင်းဆိုသွားမယ်လို့ အိန္ဒိယဘက်ရှိ ခွထာရွာဒေသခံရွာသားတွေက ပြောပါတယ်။
သတင်း - ဂေါင်ဂေါင်(တမူး)