Home
မြန်မာသတင်း
အပစ်ရပ်ပူးတွဲစောင့်ကြည့်လုပ်ငန်းအတွက် တရုတ်​နိုင်ငံက ကား ၁၀ စီးလှူဒါန်း
ကျော်ဇေယျာဝင်း
·
July 5, 2018
ငြိမ်းချမ်းရေးအတွက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးလုပ်ငန်း​တွေမှာ အသုံးပြုဖို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက မော်တော်ယာဉ် ၁၀ စီးကို ဇွန်​လ ၅ ရက်​​က ပေးအပ်​လှူဒါန်းလိုက်ပါတယ်​။ မော်​​တော်​ယာဉ်​​တွေ လှူဒါန်းရတာနဲ့ပတ်​သက်​ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ် ဟုန်လျန်က "JMC၀န်ထမ်းတွေ သက်ဆိုင်ရာဒေသသို့ လျင်မြန်စွာ သွားရောက်ပြီး လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့နဲ့ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေဖို့ ဖြစ်ပါတယ်။ ခုအချိန်လှူဒါန်းတဲ့ မော်တော်ယာဉ်တွေက JMC ရဲ့ စွမ်းဆောင်ရည်တိုးမြှင့်ရေးအတွက် ဆောင်ရွက်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်"လို့ ပြောပါတယ်​။ အခုနှစ်ပိုင်းမှာ မြန်မာနိုင်ငံ သက်ဆိုင်ရာဘက်အသီးသီးက အန်စီအေမှာ လက်မှတ် ရေးထိုးပြီးနောက် ပစ်ခတ်တိုက်ခိုက်မှု သိသာစွာလျော့နည်းသွားတဲ့ အခြေအနေကို ဂရုပြု မိ​ကြောင်း၊ ဒီဖြစ်စဉ်အတွင်းမှာ JMCက အရေးပါတဲ့ ညှိနှိုင်းရေးနဲ့ စောင့်ကြည့်တဲ့ အခန်းကဏ္ဍ က ပါဝင်ခဲ့တယ်​လို့ သူက ဆက်​​ပြောပါတယ်​။ တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်​တွေမှာ ဆက်လက်ကူညီ ထောက်ပံ့ အားပေးသွားမှာဖြစ်​သလို ပင်လုံညီလာခံအစည်းအဝေးကို မြန်မာနိုင်ငံမြောက်ပိုင်း ဒေသက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ တက်​ရာက်​မယ်​လို့သိရတဲ့အတွက်​ ဒါဟာ အပြုသဘောဆောင်တဲ့ ရလဒ်တွေပဲလို့  တရုတ်သံအမတ်ကြီးက ပြောပါတယ်​။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024