တရုတ်တွင် တရားမဝင် သေနတ် ၉၉ လက် ဖျက်ဆီး

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ချုံချင်းစည်ပင်သာယာနယ်မြေက ပြည်သူ့လုံခြုံရေး ဗျူရိုအဖွဲ့ဟာ တရားမဝင်သေနတ် ၉၉ လက်ကို ဇူလိုင် ၄ ရက်မှာ ဖျက်ဆီးခဲ့ပါတယ်။ ဗျူရိုအရာရှိရဲ့ ပြောကြားချက်အရ ဖျက်ဆီးခဲ့တဲ့ သေနတ်တွေဟာ ပစ္စတိုသေနတ်နဲ့ လေသေနတ်တွေ အများဆုံးဖြစ်ပါတယ်။ ဒီသေနတ်တွေဟာ လမ်းပေါ် သေနတ်ကင်းစင်ရေး စည်းရုံးလှုံ့ဆော်မှုကြောင့် ပြည်သူတွေက လာအပ်တဲ့ သေနတ်တွေနဲ့ သေနတ်နဲ့ဆက်နွှယ်တဲ့ အမှုတွေကို ကိုင်တွယ်ဖြေရှင်းရာကနေ သိမ်းဆည်းမိခဲ့တဲ့ သေနတ်တွေ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဖျက်ဆီးခဲ့တဲ့ သေနတ်ထဲမှာ မှန်ဘီလူးတပ်ထားတဲ့ တမီတာလောက်အရှည်ရှိ လေသေနတ်လည်း ပါဝင်ပါတယ်။ ရာဇဝတ်မှုနဲ့ မသင်္ကာသူတယောက်က အင်တာနက်ပေါ်ကနေ ပစ္စည်းတွေမှာယူပြီး ဒီသေနတ်ကို တပ်ဆင်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒီသေနတ်ဟာ လေသေနတ်ဖြစ်ပေမယ့် လူကိုပစ်မိမယ်ဆိုရင် သေစေနိုင်တဲ့အထိ ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up