ကော်စတာ၊ မာဆယ်လိုတို့ ဘရာဇီးအသင်းနှင့် လေ့ကျင့်ခန်း ပြန်ဆင်း

963
ဘရာဇီးအသင်းရဲ့ တောင်ပံကစားသမား ဒေါက်ကလပ် ကော်စတာနဲ့ နောက်တန်းကစားသမား မာဆယ်လိုတို့ အသင်းနဲ့အတူ မနေ့က လေ့ကျင့်ရေး ပြန်ဆင်းနိုင်ခဲ့ပါတယ်။
ကွင်းလယ်လူ ဒေါက်ကလပ် ကော်စတာဟာ ကော်စတာရီကာနဲ့ ပွဲစဉ်မှာ ဒဏ်ရာရခဲ့တာပါ။
အဲဒီဒဏ်ရာကြောင့် နောက်ဆုံးနှစ်ပွဲဖြစ်တဲ့ ဆားဘီးယားနဲ့ မက္ကဆီကို ပွဲစဉ်တွေမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။
နောက်တန်းကစားသမား မာဆယ်လိုကတော့ နောက်ကြောဒဏ်ရာကြောင့် မက္ကဆီကိုနဲ့ ပွဲစဉ်မှာ ကစားနိုင်ခဲ့ခြင်း မရှိပါဘူး။
လောလောဆယ်မှာတော့ ဒေါက်ကလပ် ကော်စတာနဲ့ မာဆယ်လိုတို့ နှစ်ယောက်စလုံး ဘယ်လ်ဂျီယံနဲ့ကစားမယ့် ကွာတားဖိုင်နယ်ပွဲစဉ်အတွက် အသင်းနဲ့အတူ လေ့ကျင့်ရေးဆင်းနေပြီ ဖြစ်ပါတယ်။