စစ်​ရှောင် ကချင်ဒုက္ခသည်များ​ကို တရုတ်နယ်ခြား​စောင့်​တပ် နှင်ထုတ်

နယ်စပ်ရှိလယ်ယာများတွင် တဲထိုးေနထုိင်ြကသည့် ဒုက္ခသည်များ

ရှမ်း​ပြည်​မြောက်ပိုင်း​ မူဆယ်ခရိုင် ပန်ဆိုင်း​မြို့​နယ်ထဲမှာ ကချင်လက်နက်ကိုင်​တွေနဲ့​ အစိုး​ရတပ်ဖွဲ့​တွေ တိုက်ပွဲ​တွေ ဆက် ဖြစ်ပွား​နေတဲ့​အတွက် တရုတ်နယ်စပ်ကို တိမ်း​ရှောင်ထွက်​ပြေး​လာတဲ့​ ရွာသား​တွေကို တရုတ်နယ်ခြား​စောင့်​တပ်က ​မောင်း​ထုတ်​နေတယ်လို့​ ရွာသား​တွေက ​ပြောပါတယ်။

[caption id="attachment_27883" align="aligncenter" width="500" caption="နယ်စပ်ရှိလယ်ယာများတွင် တဲထိုးနေထိုင်ကြသည့် ဒုက္ခသည်များ"][/caption]

ဇူလိုင် ၆ ရက်​နေ့​က အစိုး​ရတပ်ဖွဲ့​နဲ့​ ကချင်လွတ်လပ်​ရေး​ တပ်မ​တော်(​ကေအိုင်​အေ)တို့​ တိုက်ပွဲ​တွေ ဖြစ်ပြီး​တဲ့​နောက်မှာ အစိုး​ရတပ်က ရွာသား​တွေကို တိုက်ပွဲနဲ့​ လွတ်ရာမှာ​နေကြဖို့​နဲ့​ ပစ္စည်း​တွေကို ​နေရာ​ရွှေ့​ထား​ဖို့​ ​ပြောတဲ့​အတွက် ရွာသား​တွေက တရုတ်ဘက်ကမ်း​ကို ကူး​သွား​ရာက​နေ ​မောင်း​ထုတ်ခံရတာပါ။

ပန်ဆိုင်း​မြို့​နယ် ဖိုင်​ကောင်း​၊​ နမ်း​ဖူး​၊​ ​ရေပူနဲ့​ အနီး​နား​ရွာ​တွေက​နေ နယ်စပ်ကို ထွက်​ပြေး​ရောက်​နေတဲ့​ ရွာသား​ ၁၅၀၀ ​လောက်ရှိ​နေပြီး​ နယ်စပ်ကို​ကျော်လာတဲ့​ ရွာသား​တွေကို တရုတ်နယ်ခြား​စောင့်​တပ်က ​မောင်း​ထုတ်တဲ့​အ​ကြောင်း​ကို နယ်စပ်အနီး​ လယ်ထဲမှာ တဲထိုး​နေတဲ့​ ရွာသား​တဦး​က ခုလို ​ပြောပါတယ်။

“တရုတ်ရဲ​တွေက ဒီဘက်ကမ်း​မှာ အခု ​လော​လောဆယ်တိုက်ပွဲမဖြစ်ဘူး​၊​ တိုက်ပွဲဖြစ်တဲ့​အခါမှ ​ပြေး​လာကြပါဆိုပြီး​ လာ​မောင်း​ထုတ်တာ​ပေါ့​။ တ​ယောက်ကိုလည်း​ ဖမ်း​သွား​ပြီး​ စစ်​ဆေး​တယ်။ အိမ်ကလူ​တွေ ပြန်သွား​ပြောမှ ပြန်လွှတ်​ပေး​ခဲ့​တယ်။ ပြန်လာ​တွေ့​ရင်​တော့​ တရွာလုံး​ထွက်​ပြေး​လာတဲ့​ လူ​တွေအကုန်လုံး​ကို လာဖမ်း​ပြီး​ ​ထောင်ချမယ်၊​ ဘာညာ စစ်​ဆေး​တာ​တော့​ရှိတယ်။ အခုက တရုတ်ကမ်း​လည်း​ မကူး​ရဲ​တော့​ နယ်စပ်မှာ စုပြီး​တဲ​လေး​ထိုး​နေတဲ့​လူလည်း​ရှိတယ်။ တချို့​ကျ​တော့​ ​တောထဲမှာ တဲထိုး​ပြီး​နေတဲ့​ လူလည်း​များ​ပါတယ်။”

[caption id="attachment_27884" align="alignright" width="500" caption="ဖိုင်းကောင်းကျေးရွာ နယ်ခြားမှတ်တိုင် ၉၀ "][/caption]

လတ်တ​လော ကချင်ဒုက္ခသည်​တွေဟာ မိုး​ကာနဲ့​သောက်သုံး​ရေ​တွေ အ​ရေး​တကြီး​ လိုအပ်​နေပြီး​ စပါး​စိုက်ထား​တဲ့​ လယ်ကွင်း​ထဲက ​ရေ​တွေက ပိုး​သတ်​ဆေး​တွေ ဖြန်း​ထား​တဲ့​အတွက် ​ရေ​တွေ​သောက်သုံး​ဖို့​ မသင့်​လို့​ အခက်​တွေ့​နေတယ်လို့​လည်း​ ​ပြောပါတယ်။

ကချင်ပြည်နယ်မှာ တနှစ်​ကျော်ကြာဖြစ်ပွား​နေတဲ့​ စစ်ပွဲ​တွေ​ကြောင့်​ ​သောင်း​နဲ့​ချီတဲ့​ ရွာသူရွာသား​တွေဟာ မြစ်ကြီး​နား​မြို့​ပေါ်က ဒုက္ခသည်စခန်း​တွေမှာ သာမက နယ်စပ်တ​လျှောက်နဲ့​ ​တောတွင်း​က ဒုက္ခသည်စခန်း​တွေမှာလည်း​ ​နေထိုင်​နေရတာပါ။

နယူး​ယောက်အခြစိုက် လူ့​အခွင့်​အ​ရေး​စောင့်​ကြည့်​အဖွဲ့​က တရုတ်အစိုး​ရဟာ နယ်စပ်ဖြတ်​ကျော် ထွက်​ပြေး​လာတဲ့​ ကချင်ဒုက္ခသည်​တွေကို အင်အား​သုံး​ပြီး​ ပြန်ပို့​ခဲ့​တဲ့​အ​ကြောင်း​ ပြီး​ခဲ့​တဲ့​ လကုန်ပိုင်း​က အစီရင်ခံစာထုတ်ပြန်ခဲ့​ပြီး​ ကချင်ဒုက္ခသည်​တွေကို ဂုဏ်သိက္ခာရှိရှိ ​နေရပ်ပြန်နိုင်တဲ့​အထိ ယာယီ အကာအကွယ်​ပေး​ဖို့​ တိုက်တွန်း​ခဲ့​ပါတယ်။ တရုတ်အစိုး​ရက​တော့​ ဒီအစီရင်ခံစာကို မဟုတ်မှန်​ကြောင်း​ ငြင်း​ဆိုခဲ့​ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up