အင်ဒိုနီးရှား သင်္ဘောနစ်မြုပ်မှု သေဆုံးသူ ၃၁ ဦးရှိပြီ

အခုတလော သင်္ဘောနစ်တမ်းမှောက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ အင်ဒိုနီးရှားနိုင်ငံ တောင်ပိုင်း ဆူလာဝေဆီပြည်နယ်က ဆေလာယာကျွန်းစုအနီးမှာ ဇူလိုင် ၃ ရက်နေ့က ခရီးသည် ၁၃၉ ဦးလိုက်ပါလာတဲ့ သင်္ဘောတစင်း နစ်မြုပ်ခဲ့ပါတယ်။ သင်္ဘောနစ်မြုပ်မှုကြောင့် သေဆုံးသူဦးရေဟာ ဇူလိုင် ၅ ရက်နေ့မှာ ၃၁ ယောက်ထိ မြင့်တက်ခဲ့ပါတယ်။ အသက်ရှင်ရက်ပြန်တွေ့သူ ၆၉ ဦးရှိပြီး သူတို့ထဲက ၃၄ ဦး ဆေးဝါးကုသမှု ခံယူနေရသလို ကျန်ခရီးသည်တွေ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ မိုးသည်းထန်မှု၊ လှိုင်းထန်မှုတွေကြောင့် သင်္ဘောတိမ်းမှောက်သွားတဲ့နေရာကို သွားဖို့အတွက် အခက်အခဲဖြစ်နေတယ်လို့ ဒေသခံ သဘာဝဘေးဒဏ် လျော့ပါးရေး အေဂျင်စီက ပြောပါတယ်။ သင်္ဘောကပ္ပတိန်ဟာ သင်္ဘောနစ်ချိန်ကြာပြီး လူတွေကို ပိုကယ်နိုင်ရေးအတွက် သင်္ဘောကို သန္တာကျောက်တန်းပေါ် မောင်းတင်ထားခဲ့တယ်လို့ ဒေသခံမီဒီယာတွေက အစီရင်ခံထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up