သမ္မတ ထရမ့်၏ သွင်းကုန်ခွန်တိုးမြှင့်သည့် မူဝါဒ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်နိုင်ဟု သတိပေး

ဓာတ်ပုံ - YAMIL LAGE/AFP/Getty Images
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သွင်းကုန်ခွန် တိုးမြှင့်လိုက်တဲ့ မူဝါဒဟာ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်သွားစေနိုင်တယ်လို့ အမေရိကန် ကုန်သည်ကြီးများအသင်းက ဇူလိုင် ၂ ရက်နေ့က သတိပေးလိုက်ပါတယ်။ အမေရိကန်ကိုတင်သွင်းတဲ့ သံမဏိနဲ့ အလူမီနီယံ ကုန်စည်တွေအပေါ် အခွန်တိုးကောက်တာကို လက်တုံ့ပြန်တဲ့အနေနဲ့ ဥရောပသမဂ္ဂ (အီးယူ) နဲ့ တရုတ်တို့ကလည်း အမေရိကန် သွင်းကုန်တွေအပေါ် အခွန်တိုးကောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ “သွင်းကုန်ခွန်ဆိုတာက ရှင်းရှင်းပြောရရင် လူတိုင်းအတွက် ကုန်ဈေးနှုန်းတွေ တက်သွားစေပါတယ်။ သွင်းကုန်ခွန်တိုးရင် နောက်နောင်လည်း ဆက်ပြီး သွင်းကုန်ခွန်တိုးတာကိုပဲ ဖြစ်စေပြီး ကုန်သွယ်ရေးစစ်ပွဲ ဖြစ်လာစေမှာပါ။ အဲဒီလိုဖြစ်ရင် အမေရိကန် အလုပ်အကိုင်တွေ၊ အမေရိကန်စီးပွားရေး တိုးတက်မှုတွေကို ထိခိုက်စေမှာဖြစ်ပါတယ်” လို့ အမေရိကန် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ သောမတ်စ် ဂျေ ဒေါ်နော်ဟျူ (Thomas J. Donohue) က ပြောသွားပါတယ်။ အီးယူ၊ တရုတ်၊ ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်ကြောင့် အမေရိကန်ဒေါ်လာ ၇၅ ဘီလီယံတန်ဖိုးရှိတဲ့ အမေရိကန်စည်တွေကို အခုသီတင်းပတ်ကစတင်ပြီး အခွန်တိုးမြှင့် ကောက်ခံတော့မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up