Home
မြန်မာသတင်း
လောင်းကစားဝိုင်းများကို သတင်းပေးရန်ပျက်ကွက်သည့် အုပ်ချုပ်ရေးမှူးများအား အရေးယူမည်
DVB
·
July 4, 2018
လောင်းကစားမှုတွေ ကျူးလွန်နေတာကို သတင်းပေးဖို့ ပျက်ကွက်တဲ့ အုပ်ချုပ်ရေးမှူးတွေကို အရေးယူမယ်လို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က သတိပေးပြောကြားလိုက်ပါတယ်။ ဇူလိုင် ၃ ရက် မနက်ပိုင်းက ဆင်ပေါင်ဝဲမြို့ ဗိုလ်ချုပ်ကြေးသွန်းရုပ်နဲ့ မြို့နယ်ခန်းမ ဖွင့်လှစ်ပွဲမှာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောဆိုလိုက်တာပါ။ “လေးကောင်၊ ခြောက်ကောင် အာဝါဒေးကစားနေတာတွေကို မသိရှိဘူး။ အုပ်စု အုပ်ချုပ်ရေးမှူးတွေမှာ တာဝန် ရှိတယ်၊  သတင်းပေးဖို့ ပျက်ကွက်ခဲ့တာကြောင့် တရား ဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးကို လုံလောက်စွာ မဆောင်ရွက်တဲ့ အတွက်ကြောင့် ဖြုတ်ရုံတင်မဟုတ်ဘူး။ ထောင်ချပစ်လို့ ပါရတယ်။  အဲဒီလိုလုပ်ရတာကလည်း အမြင်ကပ်လို့၊ နိုင်ငံရေးမို့ စီးပွားရေး ပြိုင်ဘက်မို့ မဟုတ်ဘူး။ တရားဥပဒေစိုးမိုးဖို့ ရပ်ရွာအေးချမ်းဖို့ ရပ်ရွာပြည်သူလူထုအတွက် လုပ်ရတာဖြစ်လို့ ခြိမ်းခြောက်တာမဟုတ်ဘူး”လို့ ၀န်ကြီးချုပ်က မိန်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောပါတယ်။ မကွေးတိုင်းအတွင်း ဝန်ကြီးချုပ်နဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ရဲ့ မဲဆန္ဒနယ်မြေတွေမှာတောင် အာဝါဒေးလုပ် လောင်းကစားမှုတွေကို ခွင့်ပြုနေတာ တွေ့ရှိနေကြောင်း အဲဒီလို ကျူးလွန်နေ တာကို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက သတင်းပေးဖို့ တမင်ပျက်ကွက်နေတာကို ထိရောက်စွာ အရေးယူတော့မယ့်လို့လည်း ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။ သတင်း - ဘဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024