Home
မြန်မာသတင်း
ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်သူ လူငယ် ၁၀ ဦး တရားစွဲဆိုခံရ
နော်နိုရင်း
·
July 4, 2018
ကယားပြည်နယ်မှာ ဗိုလ်​ချုပ်​​​ကြေးရုပ်ထားရှိမှာကို ကန့်ကွက်ေ​ကြာင်း​​​နဲ့ ကရင်​နီ သမိုင်းကြောင်း စာရွက်​ဖြန့်​ခဲ့တဲ့ လူငယ် ၁၀ ဦးကို နိုင်​ငံ​တော်​အကြည်​အညိုပျက်​​စေမှု ပုဒ်မ ၅၀၅ (ခ)(ဂ) နဲ့ လွိုင်ကော်တရားရုံးက တရားစွဲဆိုလိုက်ပါတယ်။ တရားစွဲဆိုကြောင်းစာကို လွိုင်ကော်မြို့နယ် တရားရုံးက ဇူလိုင် ၂ ရက်နေ့ ရက်စွဲပါ ဆင့်ခေါ်စာနဲ့ အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။ တရားစွဲဆိုခံရသူတွေကတော့ ကိုမျိုးလှိုင်ဝင်း (ခ) ပါစကွာလယ်၊ ဖိလစ်(ခ)စိုးအောင်၊ ဘွဲထူး၊ မရိုစီးနာ၊ မကာမေးလာ (ခ)မိကြီး၊ မရိုစီကျော်၊ ဒီးဒီ(ခ)စစ်မုန်း၊ မော်ရား၊ ဖရန်စစ္စကို၊ မမူကတ်သရင်း တို့ဖြစ်ကြပါတယ်။ သူတို့ကိုမနက်ဖြန် ဇူလိုင်လ  ၅ ရက်နေ့ တရားရုံးကို လာရောက် ထုချေရှင်းလင်းဖို့ ဆင့်ခေါ်ထားပါတယ်။ တရားစွဲဆိုခံထားရသူတဦးဖြစ်တဲ့ ကိုဒီးဒီက ကရင်နီသမိုင်းလှုပ်ရှားမှုအတွက် တရားစွဲဆို ခံရတာကို ဂုဏ်ယူတယ်လို့ ပြောပါတယ်။ “ကျနော်ကတော့ ကိုယ့်ပြည်နယ်ရဲ့သမိုင်းအတွက်လုပ်ဆောင်လို့ ခံရတဲ့အတွက် ဂုဏ်ယူပါတယ်။ အရင်ဆုံးပြောချင်တာကတော့ ဂုဏ်ယူတယ်။ နောက်တဖက်မှာက လက်ရှိ ဥပဒေတွေ၊ အစိုးရ ယန္တရားတွေက ပြည်သူလူထုကို အကာကွယ်မပေးဘူး။ ကျနော်တို့တိုင်းရင်း သားတွေရဲ့အခွင့်အရေး သမိုင်းတွေကို အသိအမှတ်မပြုဘူ။ စော်ကားနေတယ်လို့ပဲ ပြောချင်ပါတယ်။ ” အခုလို တရားစွဲဆိုခံရသူတွေက ကရင်နီပြည်နယ်ရဲ့သမိုင်းကြောင်းစာကို ဖြန့်ဝေခဲ့လို့ စွဲတာလို့ဖြစ်ပြီး မနေ့က လွိုင်ကော်မှာ ပြုလုပ်တဲ့ ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်ဆန္ဒပြမှုအတွက် ထပ်မံ တရားစွဲခံရဖို့ ရှိနေတယ်လို့လည်း ကိုဒီးဒီက ပြောပါတယ်။ နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ)(ဂ) အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၂ နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ ကယားပြည်နယ် လွိုင်ကော်မြို့၊ ကန္တာဟေဝန် ပန်းခြံမှာ ဗိုလ်ချုပ် အောင်ဆန်းကြေးရုပ်ကို လာမယ့် ဇူလိုင် ၁၉ အာဇာနည်နေ့အမီ ပြုလုပ်နိုင်ဖို့အစိုးရက လုပ်ဆောင်နေတာဖြစ်ပြီး အဲဒီ ကြေးရုပ်ကို မလိုလားကြောင်း ဒေသခံတွေက ကန့်ကွက်ဆန္ဒပြနေကြတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024