Home
မြန်မာသတင်း
ဗိုလ်​ချုပ်​​ကြေးရုပ်​ ဆန္ဒပြလူထုကို လွိုင်ကော်ရဲတပ်ဖွဲ့ ဖြိုခွင်း (ရုပ်သံ)
DVB
·
July 3, 2018
ကယားပြည်နယ်၊ လွိုင်ကော်မြို့တော်မှာ ဗိုလ်​ချုပ်​​ကြေးရုပ်​ ထားရှိမှာကို ကန့်ကွက်တဲ့ ဒေသခံ​ တိုင်းရင်းသား​တွေရဲ့ ဆန္ဒပြပွဲကို ဒီကနေ့ လွိုင်ကော် ရဲတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းလူစုခွဲခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု လွိုင်ကော်မှာ မထားရှိဖို့ စစ်ကြောင်း ၃ ကြောင်းနဲ့ ချီတက်ဆန္ဒပြသူတွေ လွိုင်ကော်မြို့ နာရီစင်မှာ ဆုံကြပြီး လူထုဟစ်တိုင်ကွင်းမှာ သွားရောက် ဟောပြောဖို့အသွားမှာ ရဲတပ်ဖွဲ့ဝင်တွေက  တားဆီးခဲ့တာပါ။ ဆန္ဒပြခေါင်းဆောင် တဦးဖြစ်တဲ့ ဆရာသောမတ်စ်က “ကျနော်တို့ ဟစ်တိုင်ရှိတဲ့ နေရာသွားဖို့ ပန်းခြံသွားဖို့ ညှိတယ်။ ညှိလို့မရတော့ ကျနော်တို့လူထုတွေကလည်း နေပူထဲမှာ အကြာကြီးခံနေပြီး သူတို့က အထက်နဲ့ညှိမယ်ဆိုပြီး ပြောတယ်။ ပြောတော့ လူထုတွေက မခံနိုင်တော့ဘူး။ အဲဒါ ကျနော်တို့ ဝင်တိုးရင်းနဲ့ ရုန်းရင်းဆန်ခတ်တွေ ဖြစ်သွားတယ်။  ကျနော်တို့ လူထုခေါင်းဆောင်ထဲက တယောက် ဖမ်းတယ်။ အချုပ်ကားထဲ ထည့်တယ်။ ပူးပေါင်းပါဝင်တဲ့ ရွာသားတွေကို လက်ထိပ်ခတ်တယ်။ ဆိုတော့ အဲဒါကို ကျနော်တို့ ပြန်ပြီးတောင်းဆိုတယ်။ ကျနော်တို့လူကို ချက်ချင်းလွှတ်ပေးဖို့ ထိုင်သပိတ်တွေ လုပ်တယ်။ ထိုင်သပိတ်လုပ်တော့ သူတို့ ပြန်လွှတ်ပေးတယ်။ ပြန်လွှတ်ပေးလိုက်တော့ ကျနော်တို့ လူစုပြန်ခွဲသွားတယ်။” လို့ ပြောပါတယ်။ ဒီလို ရုန်းရင်းဆန်ခတ် ဖြစ်ပြီးနောက် ဆန္ဒပြတဲ့ လူထုတွေက လူစုခွဲကာ အိမ်ပြန်ခဲ့ရလို့ ရည်မှန်းထားတဲ့ နေရာကို မရောက်နိုင်ခဲ့ပါဘူး။ ဗိုလ်ချုပ်ကြေးရုပ် လွိုင်ကော်မှာ မထားဖို့ ဆက်လက်ကန့်ကွက်သွားမှာ ဖြစ်တယ်လို့ ဆန္ဒပြသမားတွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024