အက်ရှင်မင်းသား ဂျက်ကီချန်း ပါဝင်သည့် ရုပ်ရှင်ကားသစ် Bleeding Steel (နမူနာ)

မြန်မာပရိသတ်တွေ သိကြပြီးဖြစ်တဲ့ ဟောင်ကောင်အက်ရှင်မင်းသားကြီး ဂျက်ကီချန်း ပါဝင်သရုပ်ဆောင်ထားတဲ့ Bleeding Steel ရုပ်ရှင်ကားကို မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ဒါရိုက်တာ Leo Zhang က ရိုက်ကူးထားတာဖြစ်ပြီး Science Fiction Cyberpunk Action Film အမျိုးအစားကြိုက်တဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ဂျက်ကီချန်းဟာ Hong Kong အထူးရဲအရာရှိ Lin Dong နေရာက ပါဝင်သရုပ်ဆောင်ထားပြီး Cyborg လို ကြမ်းတမ်းရက်စက်တဲ့ ရန်သူပြိုင်ဘက်ဂိုဏ်းကို ဖြိုခွင်းတဲ့အခါမှာ ဘာတွေကြုံတွေ့ရမလဲ၊ နောက်ပြီး ပျောက်ဆုံးသွားတဲ့ သွေးကင်ဆာ ရောဂါသည် သမီးဖြစ်သူကို စွန့်စားကယ်တင်တဲ့ ဒရာမာဆန်ဆန် ရိုက်ချက်တွေကိုပါ သိပ္ပံအထူးပြုလုပ်ချက်တွေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဇာတ်ဝင်ခန်းတွေထဲမှာ ကြမ်းတမ်းတဲ့ အပြန်အလှန် ပြောစကားတွေ၊ တိုက်ခိုက်မှုတွေ ပါဝင်နေတာမို့ ဒီကားကိုတော့ Rated R အဆင့် သတ်မှတ်ထားပါတယ်။ ကြာမြင့်ချိန် ၁၁၀ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာ မန်ဒရင်းနဲ့ အင်္ဂလိပ် ဘာသာစကားတွေကို အသုံးပြုထားပြီး လာမယ့် ဇူလိုင် ၆ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up