Live
Home
မြန်မာသတင်း
မဲဆောက်ဈေးတွင် တရားမဝင်မြန်မာဈေးသည်များကို ဖမ်းဆီး
DVB
·
July 3, 2018
ထိုင်း-မြန်မာနယ်စပ် တာခ်ခရိုင်၊ မဲဆောက်မြို့ဈေးမှာ ဈေးရောင်းနေတဲ့ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဒီနေ့ မနက်ပိုင်းက ထိုင်းလူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေက ထပ်မံ ဖမ်းဆီးခဲ့ပါတယ်။ ထိုင်းအာဏာပိုင်တွေအနေနဲ့ အထောက်ထားမရှိသူတွေကို ဖမ်းဆီးတာထက် တရားဝင် နေထိုင်ခွင့်ပြုလုပ်ဖို့ နှိုးဆော်တဲ့အနေနဲ့ ပညာပေးလုပ်ဆောင်ရတာဖြစ်ပြီး ထိုင်း လ.ဝ.က လုပ်ထုံးလုပ်နည်းအရ အခုဇူလိုင်လဆန်းမှာ စတင် ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ထိုင်း လ.ဝ.က အနေနဲ့  ထိုင်းနိုင်ငံအတွင်း တရားဝင် လုပ်ကိုင်ခွင့်ရမယ့် အလုပ်တွေကို ခွဲခြားသိရှိဖို့  ထိုင်းနိုင်ငံမှာ နေထိုင်တဲ့အခါ ဘယ်လို လက်မှတ်လုပ်ထားသင့်သလဲ ဆိုတာတွေ သိရှိဖို့ အခုလို ပြုလုပ်တာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ နေထိုင်ခွင့်ပညာပေးတဲ့အနေနဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၀ ဦးကျော်ကို  ဖမ်းဆီးသွားပြီး မြန်မာနိုင်ငံသား ဈေးဝယ်သူတွေနဲ့ မြန်မာဈေးရောင်းသူ တချို့က ထွက်ပြေး တိမ်းရှောင်တာတွေလည်း မြင်တွေ့ရပါတယ်။ ဇူလိုင်လ ၂ရက်နေ့ မနေ့ကလည်း မဲဆောက်မြို့မှာ မြန်မာနိုင်ငံသား ၆၀ ကျော် ဖမ်းဆီးခံရပြီး မြန်မာဘက်ခြမ်း မြဝတီမြို့ကို ပြန်လည်ပို့ဆောင်ခံခဲ့ရပါတယ်။ သတင်း၊ ဓာတ်ပုံ - ဖိုးစည်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024