Live
Home
မြန်မာသတင်း
မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၀ကျော် မဲဆောက်တွင် ဖမ်းဆီးခံရ
DVB
·
July 2, 2018
ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့တဖက်ကမ်းရှိ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ တရားမ၀င် မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၁ ဦးကို ထိုင်းအာဏာပိုင်တွေက  ဒီနေ့ ဖမ်းဆီးလိုက်ပါတယ်။ ဇူလိုင် ၂ ရက်မနက်ပိုင်းက တာခ်ရိုင် မဲဆောက်မြို့ဈေးထဲက လမ်းပေါ်မှာ သွားလာနေတဲ့ တရားမ၀င် မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၁ ဦးကို ထိုင်းလူဝင်မှု ကြီးကြပ်ရေး တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့တာပါ။ ဖမ်းမိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၆၁ ဦးကို လမ်းပေါ်က ဖမ်းဆီးတာဖြစ်တဲ့ အတွက် တရားရုံးတင် အမှုစွဲဆိုတာ မရှိဘဲ ထိုင်းလူဝင်မှုကြီးကြပ်ရေးက စစ်ဆေးပြီးနောက်မှာ  မြ၀တီမြို့ရှိ ကျောက်လုံးကြီးကြိုဆိုရေးစခန်းကို ထိုင်းအာဏာပိုင်တွေက ပြန်လည် ပို့ဆောင်ခဲ့ပါတယ်။ ရှေ့ဆက်ပြီး ထိုင်းအာဏာပိုင်တွေအနေနဲ့ နိုင်ငံခြားသား တရားမ၀င် အလုပ်သမားတွေ ငှားရမ်းနေထိုင်တဲ့ နေအိမ်တွေကို စစ်ဆေးတာတွေ ဆက်လုပ်ဆောင်ရွက်သွားမယ်လို့ ထိုင်း အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ သတင်း၊ ဓာတ်ပုံ - ဖိုးစည်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024