မက္ကဆီကိုတွင် အမတ်လောင်းနေအိမ်ကို သေနတ်သမား တိုက်ခိုက်

မက္ကဆီကိုတောင်ပိုင်း ဂူရဲရိုပြည်နယ်မှာ ဇွန်လ ၃ဝ ရက်နေ့က  မြို့တော်ဝန် ဝင်ရောက်အရွေးခံတဲ့ အမတ်လောင်းနေအိမ်ကို သေနတ်သမားတွေ လာရောက် တိုက်ခိုက်ခဲ့ကြပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး  မြို့တော်ဝန်လောင်း ဆိုးလာဗာတူဒီလိုက ရွေးကောက်ပွဲ နီးကပ်ချိန်မှာ အခုလို ဖြစ်ပွားခဲ့တဲ့အတွက် စိတ်မကောင်းကြောင်းနဲ့ ဒီအတွက် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ပေါ်မှာ မတည်ငြိမ်မှုတွေ ဖြစ်စေနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ၂ဝ၁၈  မက္ကဆီကိုသမ္မတ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခွင့်ရှိသူ ၈၉ သန်းရှိပြီး ရွေးကောက်ပွဲကို ဇူလိုင်လ ၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ရွေးကောက်ပွဲ မတိုင်မီ  အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ  ဇွန်လ ၃ဝ ရက်နေ့အထိ ဆက်လက်ဖြစ်ပွါးခဲ့ပြီး လူပေါင်း ၁၂ဝ သေဆုံးခဲ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up