အ​မေရိကန်သံအမတ် ဒဲရက်မစ်ချဲလ် မြန်မာနိုင်ငံ​ရောက်ရှိ

derek-mitchell
နှစ်​ပေါင်း​ ၂၂ နှစ်ကြာမှ ပြန်လည်ခန့်​အပ်ခဲ့​တဲ့​ မြန်မာနိုင်ငံဆိုင်ရာ အ​မေရိကန် သံအမတ်ကြီး​ ဒဲရက်မစ်ချဲလ် ဒီ​နေ့​ မြန်မာနိုင်ငံကို ​ရောက်ရှိပါတယ်။ [caption id="attachment_19761" align="aligncenter" width="310"][/caption]ဒဲရက်မစ်ချဲလ်ဟာ ရန်ကုန်​ရောက်​ရောက်ချင်း​ ​နေပြည်​တော်ကို ဆက်လက် ထွက်ခွာမှာဖြစ်ပြီး​ သူ့​ရဲ့​ သံအမတ်ခန့်​အပ်လွှာကို သမ္မတဦး​သိန်း​စိန်ထံ သွား​ရောက် ​ပေး​အပ်မှာ ဖြစ်တယ်လို့​ အ​မေရိကန်သံရုံး​ ​ကြေညာချက်မှာ ​ဖော်ပြထား​ပါတယ်။ မြန်မာအစိုး​ရကလည်း​ ဒဲရက်မစ်ချဲလ်ကို သံအမတ်အဖြစ် လက်ခံသ​ဘောတူတဲ့​အ​ကြောင်း​ ပြီး​ခဲ့​တဲ့​သီတင်း​ပတ်အတွင်း​က ​ကြေညာထား​ပြီး​ ဖြစ်ပါတယ်။ ဒဲရက်မစ်ချဲလ်ဟာ အာရှ​ရေး​ရာ ကျွမ်း​ကျင်သူတဦး​ဖြစ်ပြီး​ အ​မေရိကန် ကာကွယ်​ရေး​ဌာနမှာ အာရှနဲ့​ ပစိဖိတ်လုံခြုံ​ရေး​ရာ ဒုလက်​ထောက်ဝန်ကြီး​ဖြစ် တာဝန် ထမ်း​ဆောင်ခဲ့​ဖူး​ပါတယ်။ မနှစ်က​တော့​ သမ္မတ အိုဘား​မား​ရဲ့​ မြန်မာနိုင်ငံဆိုင်ရာ အထူး​ကိုယ်စား​လှယ်နဲ့​ မူဝါဒ ​ရေး​ရာညှိနှိုင်း​ရေး​မှူး​အဖြစ် တာဝန် ထမ်း​ဆောင်​နေတာပါ။ အ​မေရိကန် အစိုး​ရဟာ ၈၈၈၈ အ​ရေး​အခင်း​ပြီး​ကတည်း​က မြန်မာနိုင်ငံနဲ့​ သံတမန် ဆက်ဆံ​ရေး​ကို နှစ်​ပေါင်း​များ​စွာ ​လျှော့​ချထား​ရာက ခု အစိုး​ရသစ် လက်ထက်မှာ ပြုပြင်​ပြောင်း​လဲ​ရေး​ ​ခြေလှမ်း​သစ်​တွေ​ကြောင့်​ သံတမန်အဆင့်​ တိုး​ပြီး​ သံအမတ်ကြီး​အဖြစ် ပြန်လည်ခန့်​အပ်ခဲ့​တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up