လင်းခေးမြို့အနီး မြေငလျင်လှုပ်

ရှမ်းပြည်နယ် လင်းခေးမြို့အနားမှာ  အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၈ အဆင့်ရှိ အင်အား အနည်းငယ်ရှိတဲ့  မြေငလျင်တခု မနေ့ညက လှုပ်ရှားသွားတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ဇူလိုင် ၁ ရက် မြန်မာစံတော်ချိန် ၂၁ နာရီ၊ ၄၀ မိနစ်၊ ၃၈ စက္ကန့် အချိန်မှာ နမ့်စန်မြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် ၄၅ မိုင်ခန့် ကွာဝေးတဲ့ မြန်မာပြည်တွင်း လင်းခေးမြို့ရဲ့ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာကို ဗဟိုပြု လှုပ်ခတ်သွားတာလို့ သတင်းမှာ ဖော်ပြထားပါတယ်။ Photo : MOI

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up