မြန်မာအမျိုးသမီးအသင်းက ဖိလစ်ပိုင်ကို ၄ ဂိုးပြတ် အနိုင်ရ

ဒီနေ့ညနေ ယှဉ်ပြိုင်ကစားတဲ့ ၂ဝ၁၈ အာဆီယံ ယူ ၁၉ အမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲမှာ မြန်မာအမျိုးသမီးအသင်းက ဖိလစ်ပိုင်ကို ၄ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ မြန်မာအသင်းအတွက် ဂိုးတွေကိုတော့ ပွဲချိန် ၂ မိနစ်မှာ နော်အားလော်အားဖော်၊ ၂၃ မိနစ်မှာ ခင်မိုးဝေ၊ ၄၉ မိနစ်မှာ ဝင်းသိင်္ဂီထွန်း၊ ၅၉ မိနစ်မှာ ဇူလိုင်ကျော်တို့က သွင်းယူခဲ့တာပါ။ မြန်မာအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ဖိလစ်ပိုင်အသင်းဘက်ကို တချိန်လုံး ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် နောက်ဆုံး အဆုံးသတ်မှုအပိုင်းတွေမှာတော့ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ ဒီပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတာဖြစ်ပြီး အုပ်စု (ခ) မှာ ပါဝင်တဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာ ဇူလိုင် ၅ ရက်နေ့ အင်ဒိုနီးရှား၊ ဇူလိုင် ၇ ရက်နေ့ စင်ကာပူ၊ ၉ ရက်နေ့မှာတော့ ဗီယက်နမ်အသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up