တောင်ကိုရီးယားတွင် နိုင်ငံရေးခိုလှုံခွင့်တောင်းသည့် ယီမင်နိုင်ငံသား အရေအတွက် မြင့်တက်

တောင်ကိုရီးယားနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံလာတဲ့ ယီမင်နိုင်ငံသား အရေအတွက် မြင့်တက်လာတဲ့အတွက် သူတို့ကို ထောက်ခံသူ တွေ့ရှိသလို ကန့်ကွက်ဆန္ဒပြသူတွေလည်း ရှိနေပါတယ်။ လူမျိုးစုတခုတည်းနေထိုင်တဲ့ တောင်ကိုရီးယားနိုင်ငံမှာ ယီမင်နိုင်ငံက ဒုက္ခသည်တွေ နိုင်ငံရေးခိုလှုံခွင့် တောင်းခံမှု မြင့်တက်လာတာကို တောင်ကိုရီးယားနိုင်ငံသားတွေ ဆိုးလ်မြို့မှာ ကန့်ကွက်ဆန္ဒပြနေကြတာပါ။ ဒုက္ခသည်အလိုမရှိတဲ့ ရာနဲ့ချီတဲ့နိုင်ငံသားတွေဟာ ဆိုးလ်မြို့လယ်မှာ စုဝေးပြီး ကိုယ့်လုံခြုံရေးက ပထမ၊ ဗီဇာကင်းလွတ်ခွင့်မူဝါဒ ရုတ်သိမ်းပေး စတဲ့ ကြွေးကြော်မှုတွေနဲ့ ဒုက္ခသည်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြတာပါ။ သူတို့တွေဟာ ကိုရီးယားလူ့အသိုက်အဝန်းမှာ လိုက်လျောညီထွေ မနေထိုင်နိုင်ဘဲ သဟဇာတ မဖြစ်ဘူးဆိုရင် အကြမ်းဖက်အန္တရာယ်ရှိလာနိုင်ပါတယ်။ အသိုင်းအဝိုင်းသစ်မှာ ပြန်ပြီးကျင်လည်နိုင်ဖို့ ပညာပေးရတာတွေကိုပါ ထည့်တွက်ရင် ကုန်ကျစ ရိတ်လည်းကြီးပါတယ်လို့ ဒုက္ခသည်ဆန့်ကျင်ရေးမှာ ပါဝင်ဆန္ဒပြသူ ယွန်းခန်အင် ကပြောပါတယ်။ တဖက်မှာလည်း ဒုက္ခသည်တွေကို ကြိုဆိုသူတွေဟာ ဒုက္ခသည်တွေကို ကြိုဆိုတယ်လို့ ဒုက္ခသည် ဆန့်ကျင်ရေးဆန္ဒပြပွဲရဲ့ တစ်ဖက်လမ်းမှာ ပြုလုပ်ခဲ့ပါတယ်။ ဒုက္ခသည်တွေကို ကြိုဆိုတဲ့ ဆန္ဒဖော်ထုတ်ပွဲမှာပါဝင်သူ ချိုမြောင်ဂျီကတော့ ဒုက္ခသည်တွေကို ခွဲခြားပြီး အကာအကွယ်မပေးနိုင်တဲ့ နိုင်ငံဟာ သူ့ပြည်သူပြည်သားတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်နိုင်ပါ့မလားလို့ ကျမသိချင်မိတယ်။ ဒုက္ခသည်တွေကို ကောင်းကောင်း ဆက်ဆံတဲအစိုးရဟာ သူ့နိုင်ငံသူနိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးကိုလည်း ဂရုစိုက်တယ်လို့ ကျမယုံကြည်တယ်” ပြောပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလကနေ မေလအတွင်း ယီမင်က လူပေါင်း ၅၅၂ ဦး ဂျယ်ဂျူးကျွန်းကိုရောက်လာပြီး သူတို့ထဲက ၄၃ဝ ကျော်ဟာ တောင်ကိုရီးယားမှာ ဒုက္ခသည်အဖြစ်လျှောက်ထားတယ်လို့ တောင်ကိုရီး ယားတရားရေးဌာနက ပြောပါတယ်။ တောင်ကိုရီးယားဟာ ဒုက္ခသည်လျှောက်လွှာတွေကို ၁၉၉၄ ခုနှစ်ကတည်းက လက်ခံနေ တာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up