Home
မြန်မာသတင်း
ကမ္ဘာ့ဖလားကျင်းပနေသည့် ရုရှားတွင် သတို့သမီးဝတ်စုံဖြင့် အမျိုးသမီးများ ဘောလုံးကန် (ရုပ်သံ)
DVB
·
July 1, 2018
ရုရှားနိုင်ငံအတွင်း ကမ္ဘာ့ဖလား ဘောလုံးပွဲတွေ လက်ခံကျင်းပရာ မြို့တမြို့ဖြစ်တဲ့  ကာဇန်မြို့မှာ ဇွန်လ ၃ဝ ရက်နေ့က သတို့သမီးဝတ်စုံတွေ ဆင်မြန်းထားတဲ့ အမျိုးသမီးတွေ ဘောလုံးကန်နေကြတာကို မြင်တွေ့ရပါတယ်။ အဖြူရောင် သတို့သမီးဝတ်စုံဝတ် အမျိုးသမီးတွေဟာ ၅ ယောက် ၁ သင်းခွဲပြီး  ကစားချိန် ၁၅ မိနစ်စီနဲ့ ဘောလုံးကန်ခဲ့ကြပါတယ်။ အဲဒီဘောလုံးပွဲကို လာရောက်အားပေးသူတွေရှိခဲ့ပြီး ပြိုင်ပွဲအပြီးမှာတော့ အနိုင်ရတဲ့ အသင်းကို ပန်းတွေနဲ့ ပြုလုပ်ထားတဲ့ ကမ္ဘာ့ဖလားပုံစံတူဆု ချီးမြှင့်ခဲ့ပါတယ်။ ဒီလို သတို့သမီးဝတ်စုံဝတ်ပြီး ဘောလုံးကစားတာဟာ  ကမ္ဘာ့ဖလားဘောလုံးပွဲကို ချစ်မြတ်နိုးကြောင်း ပြသတာလို့ ပြိုင်ပွဲဝင် အမျိုးသမီးတွေက ပြောကြားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024