သမ္မတဦးဝင်းမြင့် မိသားစု ရှင်ပြုအလှူတော်မင်္ဂလာပွဲ ကျင်းပပြုလုပ် (ဓာတ်ပုံ)
DVB
·
July 1, 2018
နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အေးမေတ္တာစံ (တောင်နီလေး)ပရဟိတကျောင်းမှာ သမ္မတကြီး ဦးဝင်းမြင့်နဲ့ ဇနီး ဒေါ်ချို မိသားစုတို့ရဲ့ ရှင်ပြုအလှူတော်မင်္ဂလာပွဲကို ဒီနေ့ မနက်ပိုင်း ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
ပထမနေ့မှာ ကျောင်းရှိ ရှင်လောင်းတွေကို ဆံချတာ၊ သင်္ကန်းစည်းတာတွေ ပြုလုပ်ခဲ့ပြီး အလှူပွဲကို သမ္မတကြီးရဲ့ မိသားစုဝင်တွေ တက်ရောက်ဖူးမြော် ကြည်ညိုခဲ့ကြပါတယ်။