Home
မြန်မာသတင်း
ရုရှား နိုင်ငံတကာစစ်ရေးစွမ်းရည်ပြိုင်ပွဲ ပထမဆုံးအကြိမ် မြန်မာပါဝင်မည်
DVB
·
July 1, 2018
အခုနှစ် ရုရှားမှာ ကျင်းပမယ့် နိုင်ငံတကာစစ်ရေးစွမ်းရည်ပြိုင်ပွဲ (International Army Game) မှာ အယ်လ်ဂျီးရီး ယား၊ ဗီယက်နမ်၊ မြန်မာ၊ ဖိလစ်ပိုင်၊ပါကစ္စတန်နဲ့ ဆူဒန်နိုင်ငံတို့မှ တပ်ဖွဲ့ဝင်တွေ ပထမဆုံးအကြိမ်အဖြစ် ပါဝင်မယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂိုင်ရှိုဂူက ဇွန် ၂၉ ရက်က ပြောကြောင်း tass.com သတင်းမှာ ဖော်ပြပါတယ်။ “ပထဝီဝင်အနေအထားအရ လေ့ကျင့်ယှဉ်ပြိုင်မှုရဲ့ ဧရိယာနဲ့ ပါဝင်ဆင်နွှဲမယ့်အရေအတွက် မြင့်တက်လာတာက ကောင်းမွန်တဲ့ အနေအထားတခုပါ။ ဒီနှစ်ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၃၂ နိုင်ငံက အသင်းပေါင်း ၁၈၁ သင်း ပါဝင်မှာဖြစ်ပြီး ဒါက ပြီးခဲ့တဲ့နှစ်က အရေအတွက်ထက် သုံးပုံတစ်ပုံနီးပါးမြင့်တက်လာခြင်းပဲဖြစ်ပါတယ်။ ဒီနှစ်မှာ အယ်လ်ဂျီးရီးယား၊ ဗီယက်နမ်၊ မြန်မာ၊ ပါကစ္စတန်၊ ဆူဒန်နဲ့ ဖိလစ်ပိုင်တို့က တပ်ဖွဲ့ဝင်တွေက သူတို့ရဲ့စကေးကို ပထမဆုံးအကြိမ်အဖြစ် ထုတ်ဖော်ပြသသွားမှာဖြစ်ပါတယ်” လို့ ရုရှားကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ရုရှား၊ အဇာဘိုင်ဂျန်၊ ဘီလာရုစ်၊ တရုတ်၊ ကာဇတ်စတန်တို့နဲ့အတူ အီရန်၊ အာမေးနီးယားတို့က ဒီနှစ်ပြိုင်ပွဲရဲ့ ပွဲစီစဉ်သူတွေအဖြစ် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲကို ဇူလိုင် ၂၈ ရက်နေ့ စတင်ကျင်းပမှာဖြစ်ပြီး ဒီအချိန်အတောအတွင်း ပြိုင်ပွဲဝင်တွေအတွက်တင်မဟုတ်ဘဲ စစ်ဘက်ဆိုင်ရာ အားကစားပြိုင်ပွဲတွေကို စိတ်ဝင်စားသူတွေအတွက် အားလုံးအဆင်ပြေချောမွေ့မှုရှိဖို့ ပြင်ဆင်စရာရှိတာ အကုန်လုံးကို ပြင်ဆင်ဖန်တီးရမယ်လို့လည်း ရှိုဂူက ပြောပါတယ်။ ၂၀၁၈ ခုနှစ် နိုင်ငံတကာစစ်ရေးစွမ်းရည် (International Army Game) ကို လာမယ့် ဇူလိုင် ၂၈ ရက်မှ သြဂုတ် ၁၁ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024