အမေရိကန်ဇနီးမောင်နှံ စက္ကူဂျန့်ဖြစ်ခဲ့သည့် ထီလက်မှတ်မှ ထီဆုကြီးပေါက်

အမေရိကန်နိုင်ငံက စုံတွဲတစ်တွဲဟာ          စက္ကူဂျန့်ဖြစ်လို့ တွန့်ကြေပြီး ထွက်လာတဲ့ ထီလက်မှတ်ကနေ ထီဆုကြီး ပေါက်ခဲ့တယ်လို့ KSNT သတင်းမှာ ဖော်ပြပါတယ်။ ဒီစုံတွဲဟာ သူတို့ရဲ့ မင်္ဂလာသက်တမ်း ၄၃ နှစ်ပြည့် နှစ်ပတ်လည်နေ့မတိုင်ခင် ဒီလို ကံထူးခဲ့တာပါ။ ထီပေါက်ခဲ့သူတွေကတော့ မိုက်ကယ်နဲ့ ဗာဂျင်းနီးယားတို့ စုံတွဲဖြစ်ပြီး သူတို့ဟာ တွန်ဂါနိုရှီမှာ နေကြပါတယ်။ သူတို့နှစ်ယောက်ဟာ 2by2 ပုံစံထီကို မကြာခဏ ထိုးလေ့ရှိသူတွေဖြစ်ပြီး မကြာခင်က ထီလက်မှတ် တစ်စောင် လက်ဆောင်ရရှိခဲ့တာကြောင့် နောက်တစ်စောင်အတွက် စတိုးဆိုင်ကို သွားဝယ်ခဲ့ပါတယ်။ စတိုးဆိုင်ကို သွားဝယ်တဲ့အချိန်မှာ ဝန်ထမ်းက သူတို့အတွက် လက်မှတ်အသစ်ကို ပရင်တာကနေ ထုတ်ပေးခဲ့ပြီး ထီလက်မှတ်ထုတ်တဲ့အချိန် စက္ကူဂျန့်ဖြစ်သွားတာကိုလည်း အားလုံးက သတိပြုမိခဲ့ပါတယ်။ တွန့်ကြေနေတဲ့ ထီလက်မှတ်ကို အမှုမှတ်အမှတ်မဲ့နေရင်းနဲ့ နောက်တနေ့မှာ ဗာဂျင်းနီးယားက စတိုးဆိုင်တခုဆီကို ဈေးဝယ်ထွက်ခဲ့ပါတယ်။ စတိုးဆိုင်ထဲရောက်မှ ထီလက်မှတ်ကို စစ်ဆေးဖို့ သတိရခဲ့ပြီး စစ်ဆေးကြည့်ချိန်မှာတော့ ထီလက်မှတ်ဟာ ဒေါ်လာ ၂၂၀၀၀ ပေါက်နေတာကို အံ့သြသင့်ဖွယ်မြင်တွေ့ခဲ့ရပါတယ်။ “ကျမဖြင့် ပျော်လွန်းလို့ အိမ်တန်းပြေးတာ။ ဝယ်ထားတဲ့ပစ္စည်းတွေကိုတောင် ယူဖို့ မေ့ခဲ့ပါတယ်” လို့ ဗာဂျင်းနီးယားကပြောပါတယ်။ ခရီးထွက်ဖို့ အစီအစဉ်ရှိပေမယ့် ထီပေါက်တဲ့ ပိုက်ဆံတွေကို ဘာလုပ်မယ်ဆိုတာတော့ မဆုံးဖြတ်ရသေးဘူးလို့လည်း ဗာဂျင်းနီးယားကပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up