ဆန္ဒပြပွဲအတွင်း အစ္စရေးတပ်၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၂ ဦးသေ

ဂါဇာနယ်စပ်တလျှောက်ပြုလုပ်တဲ့ ဆန္ဒပြပွဲတွေအတွင်း ဇွန်လ ၂၉ ရက်နေ့က အစ္စရေးတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၁၄ နှစ်အရွယ် လူငယ် ၁ ဦးအပါဝင် ၂ ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် အစ္စရေးစစ်တပ်က ကျည်အစစ်နဲ့ မျက်ရည်ယိုဗုံးသုံး ဖြိုခွင်းခဲ့တာကြောင့် နောက်ထပ် ၄၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဂါဇာ-ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။ ဒဏ်ရာရသူတွေထဲက ၄ ဦးရဲ့အခြေအနေ စိုးရိမ်ရတယ်လို့လည်း သိရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အစ္စရေးဘက်က ချက်ချင်းမှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။ ပြီးခဲ့တဲ့ မတ်လ ၃ဝ ရက်နေ့က စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း အစ္စရေးတပ်ရဲ့ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၃၅ ဦး သေဆုံးခဲ့တယ်လို့လည်း ဂါဇာဒေသ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up