Home
မေးမြန်းခန်း
တိုင်း​ပြည်မှာ ငြိမ်း​ချမ်း​ရေး​ အလွန်အ​ရေး​ကြီး​ပါတယ်
အေးနိုင်
·
July 11, 2012
ကချင်လွတ်လပ်​ရေး​အဖွဲ့​နဲ့​ အစိုး​ရအကြား​ မကြာမီအချိန်အတွင်း​မှာ ငြိမ်း​ချမ်း​ရေး​ရမယ်လို့​ ယုံကြည်တဲ့​အ​ကြောင်း​ တရုတ်-မြန်မာနယ်စပ် ​ကေအိုင်အိုဌာနချုပ် (လိုင်ဇာ) မှာ ​ကေအိုင်အို​ခေါင်း​ဆောင်​တွေနဲ့​ ​တွေ့​ခဲ့​တဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​ ကိုမြ​အေး​က ​ပြောပါတယ်။ [caption id="attachment_27846" align="alignleft" width="300" caption="ဗိုလ်ချှုပ်ဂွမ်​မော်၊ ဦးလနန်နှင့် ၈၈ မျှိုးဆက်​ကျောင်းသားများ အမှတ်တရ​ "][/caption] ၈၈ မျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင်​တွေကို ပြည်သူ့​လွှတ်​တော်ဥက္ကဋ္ဌ သူရဦး​ရွှေမန်း​တို့​ ​တွေ့​ဆုံပွဲပြီး​ ရက်ပိုင်း​အတွင်း​မှာ ဒီခရီး​စဉ် ဖြစ်ထွန်း​လာတာ ဖြစ်ပါတယ်။ ဒီခရီး​စဉ်မှာ ကိုမြ​အေး​၊​ ကိုစိုး​ထွန်း​၊​ ကိုပဏ္ဍိတ်ထွန်း​၊​ ကိုထွန်း​မြင့်​အောင်၊​ မနီနီလွင်နဲ့​ မစန်း​စန်း​မော်တို့​ ၆ ဦး​ဟာ ​ကေအိုင်အိုရဲ့​ ဒုတိယစစ်ဦး​စီး​ချုပ် ဗိုလ်မှူး​ချုပ်ဂွမ်​မော်၊​ တွဲဖက်အတွင်း​ရေး​မှူး​ ဦး​လနန်တို့​နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ခဲ့​ပါတယ်။ ​ကေအိုင်အို​ခေါင်း​ဆောင် ၂ ဦး​နဲ့​ နှစ်ကြိမ်​ဆွေး​နွေး​စကား​ပြောဆိုခဲ့​တဲ့​ ကိုမြ​အေး​ကို ကို​အေး​နိုင်က ​မေး​မြန်း​ထား​ပါတယ်။ ​ကေအိုင်အို​ခေါင်း​ဆောင်​တွေနဲ့​ ​တွေ့​ခဲ့​လား​၊​ ဌာနချုပ် လိုင်ဇာကို​ရောက်ခဲ့​လား​။ “လိုင်ဇာကို​ရောက်ခဲ့​ပါတယ်။ ​ကေအိုင်​အေက ဒုတိယ စစ်ဦး​စီး​ချုပ် ဗိုလ်ချုပ် ဂွမ်​မော်၊​ ​ကေအိုင်​အေက တွဲဖက်အတွင်း​ရေး​မှူး​ ဦး​လနန်တို့​နဲ့​ ​တွေ့​ခဲ့​ပါတယ်။ ၆ ရက်​နေ့​မှာ ​တွေ့​တယ်။ ​နောက်တခါ ၇ ရက်​နေ့​မှာ ကျ​နော်တ​ယောက်တည်း​နဲ့​ ဗိုလ်ချုပ် ဂွမ်​မော်၊​ ဦး​လနန်တို့​နဲ့​ စကား​ပြောဖြစ်ခဲ့​ပါတယ်။ ၈ ရက်​နေ့​မှာ အဲ့​က​နေ ထွက်လာခဲ့​ကြပါတယ်။ ၃ ကြိမ်​တွေ့​ခဲ့​တယ်လို့​ ​ပြောလို့​ရတာ​ပေါ့​။” အရင်တုန်း​က ဒီလိုမျိုး​ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​အစည်း​တွေနဲ့​ပဲ ဖြစ်ဖြစ်၊​ တိုင်း​ရင်း​သား​မဟုတ်တဲ့​ လက်နက်ကိုင်အဖွဲ့​အစည်း​တွေနဲ့​ပဲ ဖြစ်ဖြစ်၊​ ပြည်တွင်း​က​နေ လာ​တွေ့​ရင် ၁၇ (၁) နဲ့​ တရား​မဝင်အသင်း​အပင်း​တွေနဲ့​ ​တွေ့​တယ်ဆိုပြီး​ ပြစ်ဒဏ်ရှိခဲ့​တယ်။ ၃ ကြိမ်​တွေ့​ခဲ့​တယ်ဆို​တော့​ ဘာအ​ကြောင်း​အရာ​တွေ ​ပြောဖြစ်ခဲ့​လဲ။ “အဓိကက ​ကေအိုင်အိုအဖွဲ့​အစည်း​အ​နေနဲ့​ ၁၉၉၄ ခုနှစ်က အပစ်အခတ် ရပ်စဲ​ရေး​ လုပ်ခဲ့​တယ်။ ၁၇ နှစ်ကြာမှ တိုက်ပွဲ​တွေ ပြန်ဖြစ်လာတယ်ဆို​တော့​ ကျ​နော်တို့​ သွား​တဲ့​ ရည်ရွယ်ချက်က ​ကေအိုင်အိုအဖွဲ့​အစည်း​ဘက်ကို​ရော၊​ အစိုး​ရဘက်ကို​ရော တဖက်ဖက်ကို လိုက်ဖို့​၊​ တဖက်ဖက်ကို နစ်နာသွား​အောင်လုပ်ဖို့​ ဆိုတဲ့​ ဆန္ဒမျိုး​နဲ့​ သွား​တာမဟုတ်ပါဘူး​။ အဲ့​တော့​ ကျ​နော်တို့​ကို ပုဒ်မ ၁၇(၁)နဲ့​ တပ်တပ် မတပ်တပ် ဒါ ကျ​နော်တို့​အပိုင်း​မဟုတ်ဘူး​။ ဘာလို့​လဲဆို​တော့​ ကျ​နော်တို့​က ငြိမ်း​ချမ်း​ရေး​ဖော်​ဆောင်ဖို့​အတွက်၊​ တတ်နိုင်သ​လောက် ငြိမ်း​ချမ်း​ရေး​ရရှိဖို့​အတွက် သွား​တယ်။ ​နောက် သက်ဆိုင်ရာ တာဝန်ရှိသူတချို့​ကိုလည်း​ ကျ​နော်တို့​သွား​မယ့်​ အကျိုး​အ​ကြောင်း​ကို ​ပြောတယ်။ ​နောက် မီဒီယာ​တွေက​နေလည်း​ ကျ​နော်တို့​သွား​မယ့်​အ​ကြောင်း​ပြောတယ်။ တိုင်း​သိပြည်သိ ​ပြောပြီး​ဆိုပြီး​မှ ၁၇ (၁) နဲ့​ စွဲလည်း​ ဘာတတ်နိုင်မလဲ။ ငြိမ်း​ချမ်း​ရေး​ လုပ်ချင်လို့​သွား​တဲ့​ ကိစ္စကို။” “ရည်ရွယ်ချက်ကိုက အခုလက်ရှိ စစ်မက်​တွေဖြစ်ပွား​နေတဲ့​ ကိစ္စကို ရပ်ဆိုင်း​ချင်တယ်။ စစ်မက်​တွေရပ်ဆိုင်း​စေချင်တဲ့​အတွက် လမ်း​စရှာဖို့​ သွား​တာ။ ကျ​နော်တို့​ ဘာ​ကြောင့်​သွား​လဲဆိုတဲ့​အ​ဖြေဟာ ရှင်း​လင်း​ပြတ်သား​ပါတယ်။ ငြိမ်း​ချမ်း​ရေး​ရရှိဖို့​ လမ်း​စရှာသွား​တဲ့​ ခရီး​စဉ်တခုလုံး​ ခြုံပြီး​ပြောရရင်​တော့​ တစုံတရာ အတိုင်း​အတာအား​ဖြင့်​ ​ကျေနပ်အား​ရမှု ရှိတယ်လို့​ ​ပြောလို့​ရတယ်။ လိုင်ဇာကပြန်လာတယ်။ ပြီး​တော့​ ​နေပြည်​တော်မှာ ဝန်ကြီး​ဦး​အောင်မင်း​နဲ့​ အ​ခြေအ​နေ​တွေကိုလည်း​ ကျ​နော် အကျိုး​အ​ကြောင်း​ ​ပြောပြထား​ပြီး​ ဖြစ်တယ်။ အခုပဲ ဝင်​ပြောလာတာပါ။” ​ကေအိုင်အိုက ​ခေါင်း​ဆောင်​တွေနဲ့​ ​တွေ့​တဲ့​အခါမှာ အစိုး​ရနဲ့​ ​ကေအိုင်​အေ တဖက်နဲ့​တဖက် တိုက်ပွဲပြန်ဖြစ်တာ အဓိက အ​ကြောင်း​ရင်း​ခံက ဘာ​ကြောင့်​လို့​ မြင်​တွေ့​ရလဲ။ “အဓိကအား​ဖြင့်​ နား​လည်မှုလွဲမှား​တယ်လို့​ ​ယေဘုယျအား​ဖြင့်​ ​ပြောချင်ပါတယ်။ ​နောက်တခု ​ပြောချင်တာက စစ်ဆိုတာက နိုင်ငံ​ရေး​ပဋိပက္ခရဲ့​ အကျိုး​ဆက်ဖြစ်တယ်​လေ။ နိုင်ငံ​ရေး​ဆွေး​နွေး​ပွဲ​တွေကိုသာ နက်နက်ရှိုင်း​ရှိုင်း​လုပ်နိုင်မယ်ဆိုရင် ဒီစစ်ဟာ ချုပ်ငြိမ်း​သွား​မှာပဲ။ ကျ​နော် ဒီလိုမြင်တယ်၊​ ​ဆွေး​နွေး​ပွဲ​ပေါ်မှာ ရတဲ့​ရလဒ်​ပေါ့​။ အစိုး​ရကလည်း​ ဒီ​ဆွေး​နွေး​ပွဲ​တွေကို ​ဖော်​ဆောင်ပြီး​ လုပ်နိုင်​နေတာ အား​လုံး​အမြင်အ​တွေ့​ပဲ​လေ။ အစိုး​ရဘက်​ရော ​ကေအိုင်အိုဘက်​ရော ​ဆွေး​နွေး​ချင်တဲ့​ ဆန္ဒ​တွေ ရှိ​နေတာပဲ။ ​ပြေလည်မယ်လို့​ထင်ပါတယ်။” ​ကေအိုင်အို​ခေါင်း​ဆောင်​တွေနဲ့​ အင်တာဗျူး​မေး​ကြည့်​တော့​ ​ကေအိုင်အို​ခေါင်း​ဆောင်​တွေအ​နေနဲ့​ ပင်လုံစာချုပ်ကို အခိုင်အမာကိုင်စွဲထား​တယ်။ ပင်လုံစာချုပ်အတိုင်း​ အ​ကောင်အထည်​ဖော်ရင် ​ကေအိုင်အိုဟာ လက်နက်ပါစွန့်​မယ်လို့​ ​ပြောတယ်။ အခု​တွေ့​ခဲ့​တဲ့​အခါမှာ ​ကေအိုင်အို​ခေါင်း​ဆောင်​တွေ သ​ဘောထား​ အဲ့​အတိုင်း​ မြင်ခဲ့​ရလား​။ “တချို့​ တချို့​တွေမှာ ​ဝေါဟာရ အသုံး​အနှုန်း​ပေါ်မှာလွဲပြီး​ အဓိပ္ပာယ်​ကောက်ယူမှု လွဲ​နေတာ ရှိတယ်။ ဒုတိယ စစ်ဦး​စီး​ချုပ် ဗိုလ်ချုပ် ဂွမ်​မော်နဲ့​သော်လည်း​ကောင်း​၊​ ဦး​လနန်နဲ့​သော်လည်း​ကောင်း​ ​တွေ့​တဲ့​အခါမှာ ​ပြောတာက ရှင်း​ပါတယ်။ ပင်လုံကဲ့​သို့​သော ညီလာခံ လို့​ ညွှန်း​ထား​တာပါ။ ပင်လုံကဲ့​သို့​သော ဆိုတာက တိုင်း​ရင်း​သား​အား​လုံး​ပါဝင်​သော ညီလာခံကို ညွှန်း​ခြင်း​ဖြစ်ပါတယ်။ အဲ့​အ​ကြောင်း​ကိုလည်း​ ​ကေအိုင်အိုက အဆင့်​ ၃ ဆင့်​ ငြိမ်း​ချမ်း​ရေး​ အဆိုပြုချက်ထဲမှာ ရှင်း​ရှင်း​လင်း​လင်း​ ​ဖော်ပြထား​ပြီး​ဖြစ်ပါတယ်။ ​နောက်တခု ဝမ်း​သာစရာက ဒီအဆိုပြုချက်ကို​တောင်မှ ​ကေအိုင်အိုအ​နေနဲ့​ တရား​သေ ဆုပ်ကိုင်ထား​ခြင်း​မရှိဘူး​ဗျာ။ ​ဆွေး​နွေး​မှုအ​ပေါ်မှာ တိုး​တက်မှုဆိုတာက အမျိုး​မျိုး​ပြောင်း​လဲသွား​နိုင်တာပဲ။ ပင်လုံလိုမျိုး​ ပင်လုံလိုမျိုး​ဟာထက် ပင်လုံကဲ့​သို့​သော ညီလာခံလို့​ သုံး​ရင် ပိုမှန်မယ်လို့​ ထင်တယ်။ ဒါ ​ကေအိုင်အိုရဲ့​ ​ကြေညာချက် အသုံး​အနှုန်း​မှာလည်း​ အဲ့​လို သုံး​ထား​တာ ​တွေ့​ပါတယ်။ စကား​လုံး​အသုံး​အနှုန်း​ပေါ်မှာ နား​လည်မှု​တွေလွဲပြီး​ တဖက်နဲ့​ တဖက်က ​ဝေး​နေမယ့်​အစား​ နီး​နိုင်မယ့်​ အ​ခြေအ​နေ​တွေ အများ​ကြီး​ ရှိတယ်လို့​ ​ပြောတာပါ။” သမ္မတကလည်း​ ဘန်ကီမွန်း​လာတုန်း​က ​ကေအိုင်အိုနဲ့​လည်း​ အဆင်​ပြေမှာပါ။ ကြိုး​စား​နေပါတယ်လို့​ ​ပြော​တော့​ အခု​လော​လောဆယ်မှာလည်း​ ဦး​အောင်မင်း​က​နေ အလွတ်သ​ဘော​တွေ့​နေတာ ၃ ကြိမ်ရှိ​နေပြီ။ ဆို​တော့​ ဒီနှစ်ဖွဲ့​ဟာ စ​ဆွေး​နွေး​ပြီး​တော့​ ​အောင်မြင်မှုဟာ ဘယ်အချိန်​လောက် ခန့်​မှန်း​မိလဲ။ “အ​ခြေခံ အကျဆုံး​က​တော့​ ဝန်ကြီး​ဦး​အောင်မင်း​ရဲ့​ ​ဆောင်ရွက်ချက်​တွေနဲ့​ ပတ်သက်ပြီး​ တစိတ်တပိုင်း​ သိပါတယ်။ ပြီး​တော့​ အစိုး​ရရဲ့​ သ​ဘောထား​ ​ပေါ်လစီ​တွေကိုလည်း​ ​တွေ့​နေ မြင်​နေ ကြား​နေရတာ​တွေလည်း​ ရှိပါတယ်။ ဘာပဲ​ပြော​ပြော မ​ဆွေး​နွေး​ဘဲနဲ့​စာရင် ​ဆွေး​နွေး​မယ်ဆိုတာက ငြိမ်း​ချမ်း​ရေး​ လိုလား​တယ်လို့​ ကျ​နော်ယူဆတယ်​လေ။ ဦး​အောင်မင်း​ရဲ့​ ​ဆောင်ရွက်ချက်​တွေလည်း​ ​ကောင်း​ပါတယ်။ ​တော်​တော်များ​များ​လည်း​ အပစ်အခတ် ရပ်စဲနိုင်ခဲ့​တာ​တွေ ​တွေ့​ရတယ်။ အဓိက​တော့​ ​ကေအိုင်အိုနဲ့​ ဖြစ်​နေတဲ့​ အ​ခြေအ​နေကိုလည်း​ မကြာမီ အချိန်အတွင်း​မှာ ငြိမ်း​ချမ်း​ရေး​ ရနိုင်မယ်လို့​ ယုံကြည်တယ်။ ဘာဖြစ်လို့​လဲဆို​တော့​ နှစ်ဖက်စကား​တွေ ကျ​နော်ကြား​တဲ့​အခါမှာ အား​လုံး​ ငြိမ်း​ချမ်း​ရေး​ကို လိုလား​နေတာကို ကျ​နော်​တွေ့​တဲ့​အတွက်​ကြောင့်​မို့​လို့​ပဲ။” လက်နက်ကိုင်အင်အား​ကြီး​တွေထဲမှာ ​ကေအိုင်​အေနဲ့​ အစိုး​ရအကြား​မှာ ၈၈ အ​နေနဲ့​ ဘယ်လို အခန်း​ကဏ္ဍက​နေ ဆက်သွား​ဦး​မလဲ။ ​နောက်တဆင့်​ တိုင်း​ရင်း​သား​ အား​လုံး​ပါဝင်တဲ့​ ပင်လုံကဲ့​သို့​ ညီလာခံကြီး​ ကျင်း​ပဖို့​ အဆင့်​မှာ ၈၈ မျိုး​ဆက် ​ကျောင်း​သား​တွေအ​နေနဲ့​ ဘယ်လို အခန်း​ကဏ္ဍက​နေ ဆက်ပါဦး​မလဲဗျာ။ “ဒီ​မေး​ခွန်း​က နှစ်ပိုင်း​ခွဲ​ဖြေရမယ်လို့​ မြင်တယ်​လေ။ ပထမ​တော့​ လက်ရှိ ​ကေအိုင်​အေနဲ့​ ဖြစ်​နေတဲ့​စစ် ရပ်သွား​အောင် ၈၈ က ဘယ်အပိုင်း​က ပါဝင်မလဲဆိုရင် အစိုး​ရက​ရော ​ကေအိုင်​အေကပါ ဘယ်အပိုင်း​က ပါဝင်​ဆောင်ရွက်​စေချင်သလဲဆိုတဲ့​ ဆန္ဒက ပိုအ​ရေး​ကြီး​ပါတယ်လို့​ ကျ​နော်မြင်တယ်။ ကျ​နော်တို့​ အ​နေနဲ့​က ပွင့်​ပွင့်​လင်း​လင်း​ပြောရရင် ငြိမ်း​ချမ်း​ရေး​ရဖို့​အတွက် ကျ​နော်တို့​ ဘာလုပ်​ပေး​ရမလဲ။ ကျ​နော်တို့​ကို ခိုင်း​ပါ။ ကျ​နော်တို့​ အတတ်နိုင်ဆုံး​ တိုင်း​ပြည်ငြိမ်း​ချမ်း​ဖို့​အတွက် ကူညီ​ဆောင်ရွက်​ပေး​ပါမယ်ဆိုတာကို ရိုး​ရိုး​ရှင်း​ရှင်း​ ကမ်း​လှမ်း​ပါတယ်။ ကျ​နော်တို့​ အ​နေနဲ့​လည်း​ ဘယ်​နေရာကဖြစ်ဖြစ် အတတ်နိုင်ဆုံး​ ကြိုး​စား​ ​ဆောင်ရွက်သွား​ဖို့​ ​ပြောထား​ပြီး​ ဖြစ်ပါတယ်။ အလုပ်​တွေက အများ​ကြီး​ပါ။ “ဒုတိယပိုင်း​ အ​နေနဲ့​ ၈၈ အ​နေနဲ့​ ဘယ်အပိုင်း​က ပါဝင်မလဲဆိုတဲ့​ ​မေး​ခွန်း​ကို​တော့​ ကျ​နော်​ပြောချင်တာက တိုင်း​ရင်း​သား​ အခွင့်​အ​ရေး​တွေကို တန်း​တူညီမျှမှု​ပေါ်မှာ အ​ခြေခံပြီး​ ​ဖြေရှင်း​ပေး​တဲ့​ ညီလာခံတရပ်ဖြစ်လာ​အောင် ကျ​နော်တို့​ ကြိုး​စား​ဆောင်ရွက်သွား​ပါ့​မယ်။ အဲဒီညီလာခံက​နေ တိုင်း​ရင်း​သား​ အား​လုံး​ လွတ်လပ်ခြင်း​၊​ တန်း​တူညီမျှခြင်း​၊​ တရား​မျှတခြင်း​ ဆိုတဲ့​ သုံး​ရပ်ကို အာမခံချက်ရှိတဲ့​ ပြည်​ထောင်စုစစ်စစ်ဖြစ်ဖို့​ ကျ​နော်တို့​ ကြိုး​စား​ဆောင်ရွက် သွား​ပါ့​မယ်။ တကယ်​တော့​ တိုင်း​ပြည်ကလည်း​ ကျ​နော်တို့​ ညီအစ်ကို​မောင်နှမ အချင်း​ချင်း​ အခွင့်​အ​ရေး​မညီမျှမှု​တွေနဲ့​ သတ်ကြဖြတ်ကြတာ နှစ်​ပေါင်း​များ​ပါပြီ။ အဲ​တော့​ ကျ​နော်တို့​ အင်အား​ရှိတဲ့​ တိုင်း​ပြည်ဖြစ်ဖို့​ အ​ရေး​ကြီး​ပါတယ်။ အင်အား​ရှိဖို့​ဆိုရင် တန်း​တူညီမျှတဲ့​ အခွင့်​အ​ရေး​တွေကို ​ပေး​မှသာလျှင် အင်အား​ရှိမယ်လို့​ ယုံကြည်တဲ့​အတွက်​ကြောင့်​ ကျ​နော်တို့​ဟာ အဲဒီညီလာခံအတွက် ဘယ်​နေရာက ဖြစ်ဖြစ် ပါဝင်​ဆောင်ရွက်သွား​မှာပါ။” ဒုက္ခသည်​တွေနဲ့​လည်း​ ​တွေ့​ခဲ့​မှာ​ပေါ့​။ သူတို့​အ​ခြေအ​နေ​တွေလည်း​ နည်း​နည်း​ ရှင်း​ပြပါဦး​။ “ဒုက္ခသည်ဆိုတဲ့​အတိုင်း​ပဲ။ ဘာမှ အဆင်မ​ပြေဘူး​ပေါ့​ဗျာ။ အဲဒီလိုပဲ ​ပြောရမှာ​ပေါ့​။ က​လေး​တွေ အရမ်း​များ​ပြီး​ ဝမ်း​ပျက်ဝမ်း​လျော​ရောဂါ​တွေ ဖြစ်​နေတယ်။ ​ဆေး​ဝါး​တွေ လိုအပ်​နေတယ်။ ​နေထိုင်ရတာ စား​သောက်ရတာလည်း​ စား​ရရုံအ​ခြေအ​နေပဲ ရှိတယ်။ ဘယ်အဖွဲ့​အစည်း​က ဘယ်​လောက် ​ထောက်ပံ့​နိုင်မှာလဲ။ ကျ​နော်မြင်တာက နိုင်ငံတကာ အကူအညီ​တွေ အများ​ကြီး​ လိုအပ်တယ်ဗျာ။ ဒါက​တော့​ နိုင်ငံတကာ အကူအညီ​တွေ အဲဒီကို ​ပေး​နိုင်ဖို့​ဆိုတာ နှစ်ဖက် စစ်ရပ်စဲမှ ဖြစ်မယ်ဗျာ။ ပြန်ပြီး​တော့​ လုံခြုံ​နွေး​ထွေး​စွာနဲ့​ ကိုယ့်​ဘဝကို ကိုယ်ဖန်တီး​ ရှာ​ဖွေစား​သောက်နိုင်ဖို့​ ဆိုတာက​တော့​ ငြိမ်း​ချမ်း​ရေး​က အဓိက အကျဆုံး​ အချက်ပါပဲ။ စစ်ရပ်ဆိုင်း​ဖို့​အတွက် အတတ်နိုင်ဆုံး​ ကြိုး​စား​ ​ဆောင်ရွက်သွား​ချင်တယ်။” ​နောက်ဆုံး​အ​နေနဲ့​ ဒီခရီး​စဉ် တခုလုံး​ကို ချုပ်ပြီး​ တခွန်း​တည်း​ ​ပြောပါဆိုရင် ကိုမြ​အေး​ ဘာ​ပြောချင်လဲ။ “တခွန်း​တည်း​ပြောရရင် တိုင်း​ပြည်မှာ ငြိမ်း​ချမ်း​ရေး​ အလွန်အ​ရေး​ကြီး​ပါတယ်။ ဒီခရီး​စဉ်နဲ့​ ပတ်သက်ပြီး​ ​ကျေနပ်အား​ရမှု ရှိပါတယ်။ ​ကေအိုင်​အေဘက်​ရော၊​ အစိုး​ရပိုင်း​ရော ​ကျေနပ်အား​ရမှု ရှိပါတယ်ဗျာ။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024