Home
မြန်မာသတင်း
တတိယအကြိမ် ပင်လုံညီလာခံ ဇူလိုင် ၁၁ မှ ၁၆ ရက်အထိ ကျင်းပမည်
DVB
·
June 30, 2018
တတိယအကြိမ် ပင်လုံညီလာခံကို ဇူလိုင် ၁၁ ရက်နေ့ ၁၆ ရက်နေ့ထိ ပြုလုပ်သွားမယ်လို့ အတည်ပြုလိုက်ပါတယ်။ နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာ ဇွန် ၂၉ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အစည်းအဝေးကနေ အတည်ပြုလိုက်တာပါ။ လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တတိယအကြိမ် ပင်လုံအစည်းအဝေးကို ကျင်းပဖို့ ဆုံးဖြတ်နိုင်ခဲ့ပါတယ်လို့ UPDJC ဒုတိယ ဥက္ကဌ ဒေါက်တာ ဆလိုင်းလျန်မုန်းဆာခေါင်က ပြောပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ရဲ့ လုပ်ငန်းကော်မတီတွေရဲ့ အစည်းအဝေးကိုလည်း လာမယ့် ဇူလိုင် ၃ ရက်နေ့ကနေ ၅ ရက်နေ့ထိ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဓာတ်ပုံ - Hla Maung Shwe
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024