Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ဘဏ္ဍာအခွန်ဝန်ကြီး ဖြုတ်ချရေး မအောင်မြင်
DVB
·
June 29, 2018
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို စွပ်စွဲ ပြစ်တင်ထားတာကို ဒီကနေ့ ရခိုင်ပြည်နယ်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီကနေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ မဲခွဲ ဆုံးဖြတ်ရာမှာ မဲပေးခဲ့သူ ၄၄ ဦးအနက် ဝန်ကြီးကို စွပ်စွဲမှုမှာ မှန်ကန်တယ်လို့ ထောက်ခံမဲ ၂၅ မဲ၊ ကန့်ကွက်မဲ ၉ မဲ နဲ့ ပယ်မဲ ၁၀ မဲ ရရှိခဲ့ပါတယ်။ ဒီကနေ့ ပြည်နယ်လွှတ်တော်ကို တက်ရောက်သူ ၄၄ ဦးတက်ရောက်ခဲ့ပြီး အဲ့ဒီမှာ ၄၄ ဦးက ဆန္ဒမဲပေးခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် စွပ်စွဲပြစ်တင်မှုကို ထောက်ခံမဲ အရေအတွက်ဟာ ၃၁ ဦး မပြည့်မိတဲ့အတွက် ရှုံးနိမ့်ခဲ့ကြောင်း လွှတ်တော်ကိုကြေညာခဲ့ပါတယ်။ ဝန်ကြီး ဦးကျော်အေးသိန်းကို ဘဏ္ဍာရေးနှစ်အလိုက် ပြည်နယ်ရဲ့ ရန်ပုံငွေတွေကို ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းတွေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်နိုင်မှု မရှိတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးက ပြည်နယ်လွှတ်တော်မှာ စွပ်စွဲပြစ်တင်ဖို့ တင်သွင်းခဲ့တာပါ။ ပြည်နယ်ဝန်ကြီး ဦးကျော်အေးသိန်းအပေါ် စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ကုမ္ပဏီ လုပ်ငန်းရှင်တွေ အပါအဝင် လူ ၁၇ ဦးကို စစ်ဆေးခဲ့ပြီး မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မောင်တောမြို့နယ်တွေမှာ ဆောင်ရွက်နေတဲ့ စီမံကိန်းလုပ်ငန်းတွေကိုပါ ကွင်းဆင်း စစ်ဆေးခဲ့တာလည်း ဖြစ်ပါတယ်။ ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024